Tuesday, May 07, 2013

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဖို့ တိုင်းရင်းသားများအား မတိုက်တွန်းခဲ့ပါကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်မှဆို

Posted by drmyochit Tuesday, May 07, 2013, under | No comments



ရှမ်းပြည်နယ် မြောက်ပိုင်း နမ့် ခမ်းမြို့နယ် ပန်ဆေး ဒေသ တွင်းရှိ ခိုလုံလီရှော့၊ ရှမ်း၊ ပလောင်အစရှိ သည့် တိုင်းရင်းသား များ စုပေါင်းကာ ရှင်သာမဏေ၀တ်ခြင်း၊ ဗုဒ္ဓဘာသာ  ခံယူခြင်းကို မေလ (၄) ရက်နေ့ မှ (၅) ရက်နေ့ထိ ကျင်းပ ပြုလုပ် ခဲ့တဲ့ ပွဲသည် တိုက်တွန်းခြင်း ကြောင့် ဖြစ်လာသည့် ပွဲမ ဟုတ်ပါကြောင်း သာသနာရေး ၀န်ကြီးမှ ဆိုပါသည်။

တိုင်းရင်းသား ယဉ်ကျေးမှု ဥက္ကဋ္ဌဦးကျော်မြင့်မှ ဦးသောင်း ကျင်ပကာ တောင်ပေါ်ပန်းဆေး  ဒေသရှိ တိုင်းရင်းသား (၃) သောင်း ကျော်ဗုဒ္ဓဘာသာဝင်ဖြစ်လာရခြင်း  အပေါ်မိမိအနေဖြင့် တိုက်တွန်း ပြော ဆိုခြင်း တစ်စုံ တစ်ရာ မရှိခဲ့ပါ ကြောင်း သာသနာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြိးဦးဆန်းဆင့်မှ ဆိုပါ သည်။ ဗုဒ္ဓဘာသာဝင်အဖြစ်  ခံယူကြလို့ “ကြိုဆိုပါတယ်” ဘာသာရေးအရပြောရရင်သာဓုခေး ပါပေတယ်။ သို့သော် ဒီပွဲကြီးဖြစ်  လာရခြင်းနှင့် ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဘယ်သူကိုမှ  မင်းတို့ ဗုဒ္ဓဘာ သာဝင် အဖြစ် ခံယူကြ ပါလို့လုပ်ခိုင်းပြီး ဖြစ်လာတဲ့ပွဲ မဟုတ်ဘူး။ 

ဒီနယ်အကြောင်းကို  အနည်းအကျဉ်းပြောပြမယ်။ ဗုဒ္ဓ ဘာသာ မဟာ ယာန ဆရာတော်  သာသနာ ပြုလုပ်တဲ့ နေရာ မှာတော့  မဟာ ယာန ကိုးကွယ်ကြတယ်။ တချို့လမ်းပန်းဆက်သွယ်မှုမရှိတဲ့ နေရာတွေ ကြတော့ လည်း တိတိ ကျကျ ကိုးကွယ်သည့် ဘာသာ အယူ မရှိကြဘူး။ မဟာယာန ဆရာတော်  တွေက လည်း သူတို့နဲ့ လက်လှမ်း မီ သလောက်တော့ သာသနာပြု လို့ရတာပေါ့။ 

အလှမ်း ကွာဝေးတဲ့ နေရာ တွေကျတော့ ဘယ်ရောက်   နိုင်ပါ့မလဲ။ အခုသိသိသာသာဖြစ်  လာတာဟာ လမ်းပန်း ဆက်သွယ် မှုဖြစ်လာပြီး တိုင်းရင်းသားတွေ  ဟာလည်းပွင့်လင်းလာတယ်။ ဘာသာရေး ဆိုတဲ့ အမြင်တွေ မြင် လာကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကနေ ဒီပွဲလုပ်ပြီး ကျွန်တော် တို့ကို  ဖိတ်တာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ   မှမဟုတ်ပါဘူး ဘယ်လူမျိုးမဆို ဘယ်ဘာသာကိုမဆိုကိုးကွယ်လို့ ရပါ တယ်။ အခုတိုင်းရင်းသားတွေ  ဟာလည်းပဲ သူတို့စိတ်ကြိုက်သူတို့  ရွေးချယ်ခွင့်လေ့လာခွင့်တွေတာမို့ တိုက် တွန်းခြင်း မရှိကြောင်း ဗုဒ္ဓဘာသာခံယူပွဲတွင် ရှင်းလင်း သွားကြောင်း သိရှိရသည်။ 

စိုးဝင်းနိုင်
From: The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်