Tuesday, May 07, 2013

ဖေ့စ်ဘွတ်ခ်တွင်မြေးဖြစ်သူအားရောင်းချသည့်အဘိုး

Posted by drmyochit Tuesday, May 07, 2013, under | No comments



အန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ပန်ဂျပ် ပြည်နယ်၊ လူဒီ ယားနား မြို့မှ အသက် ၄၇ နှစ်အရွယ်ရှိဖာ ရောက်ခန် အား မွေးကင်းစ မြေး ဖြစ်သူအား ရောင်းချ မှုဖြင့် ရဲများက ဖမ်းဆီး ခဲ့သည်။

ဖာရောက်ခန် သည် သမီးဖြစ် သူတက်ရောက် မီးဖွားခဲ့သော ဆေးရုံမှ ယာယီ ၀န်ထမ်း နှစ်ဦး၏ အကူ အညီဖြင့် မွေးကင်းစ မြေး ယောက်ျားလေးအား ခိုး ယူပြီး ဖေ့စ်ဘွတ်ခ်တွင် ရူးပီး လေးသောင်း ငါး ထောင်ဖြင့် ရောင်းချ ရန်စီစဉ် ခဲ့ သည်။

ကလေး ရောင်းချ မှုတွင် ပါဝင် ပတ်သက် နေသူ အားလုံးအား ဖမ်းဆီး ထားပြီး ကလေးအား ၀ယ်ယူ သည့် လုပ်ငန်းရှင် တစ်ဦး အားလည်း စစ်ကြော မေးမြန်း မှုများ ပြုလုပ်နေကြောင်း လူဒီယားနား ရဲစခန်းမှ အဆင့်မြင့် ရဲ အရာရှိ တစ်ဦးက ပြောကြား လိုက်သည်။

ကလေးအား ရဲများက ကယ်တင် လိုက်ပြီး အိမ်ထောင်နှင့် ကွဲကွာ နေသည့် မိခင်ဖြစ်သူ နိုရီခန်၏ လက်သို့ ပြန်လည် အပ်နှံခဲ့ သည်။ နိုရီခန်သည်ကလေး ပျောက်ဆုံးမှု အတွက် ဖခင်ဖြစ်သူ အား တိုင်ကြား ခဲ့သူ လည်း ဖြစ်သည်။

ကလေး ခိုးယူရာတွင် ပါဝင် ပတ်သက်သူ (၃) ဦးအား တရား စွဲဆို ထားပြီး ပြစ်မှု ထင်ရှား ပါက ၎င်းတို့ အနေ နှင့် ထောင်ဒဏ် (၇) နှစ်ထိ ပြစ်ဒဏ် ကျခံ ရဖွယ် ရှိသည်။

၂၀၁၁ ခုနှစ်အတွင်းက လူပေါင်း ၅၀၀၀ကျော်ပါဝင်သော ကလေးခိုးဂိုဏ်း ၈၁၅ ဂိုဏ်းတို့က ကလေးများ အားခိုး ယူပြီး ပြည့်တန်ဆာ အဖြစ် သော်လည်း ကောင်း၊ သူတောင်း စားများ အဖြစ်သော် လည်းကောင်း အိန်္ဒိယ နိုင်ငံ တစ်ဝှမ်းတွင် ခိုင်း စေခဲ့ ကြောင်း ရဲ တပ်ဖွဲ့က တရား ရုံးတွင် သက်သေ ခံခဲ့သည်။


Source: DailyChilli
ဥက်္ကာအောင်
From: The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်