Tuesday, May 07, 2013

အိန္ဒိယနာမည်ကျော်စတန့်သမား စတန့်ပြကွက်ပြသစဉ် သေဆုံး

Posted by drmyochit Tuesday, May 07, 2013, under | No comments


အိန္ဒိယ နိုင်ငံမှ နာမည်ကျော် စတန့်သမား တစ်ဦးသည် လူအများ ရှေ့တွင် စွန့်စွန့် စားစား စတန့်ပြကွက်တစ်ခု ပြုလုပ်နေစဉ် သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင်ပင် ဖော်ပြ ခြင်း ခံခဲ့ရဖူးသည့် စတန့်သမား ဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက် ဘင်္ဂလား ဒေသရှိ တီစ တာမြစ်ကို တွဲလောင်း ချထားသည့် အနေ အထားဖြင့် အမြင့်မှ ဖြတ်ကူးပြရန် ကြိုးစားရင်း လမ်းတစ် ဝက်တွင် သေဆုံး သွားခြင်း ဖြစ်သည်။ ၎င်း၏ ပိုနီတေး ကျစ်ဆံမြီး ဆံပင် ကို တွဲချည် ထားသည့် ကြိုးတန်း အတိုင်း မြစ်ပေါ်မှ ကျော်ဖြတ် စဉ် နက်သ်ရွိုင်းမှာ ယခုလို ကွယ်လွန်သွားခြင်း ဖြစ်သည်။ စတန့်ပြ ကွက် အ တွင်း အလွန်ဆိုးရွား ပြင်းထန်သော နှလုံးဖောက်ပြန်မှုဖြင့် နက် သ်ရွိုင်း အသက် ဆုံးရှုံးသွားကြောင်း ရဲများက ဆိုသည်။
(နက်သ်ရွိုင်းအား မကွယ်လွန်မီ စတန့်ပြကွက်ပြသနေသည်ကို တွေ့ရစဉ်)

နက်သ်ရွိုင်းသည် ရဲတပ်ဖွဲ့အတွက် ယာဉ်မောင်းအဖြစ် အလုပ်လုပ်သူ တစ်ဦးဖြစ်သည်။ ၎င်းသည် မီတာ (၁၈၀) ရှည်သော လမ်းကြောင်းအတိုင်း ဖြတ်သန်းနေရင်း တစ်ဝက်တစ်ပျက်တွင် ရုတ်တရက် ရပ်တန့် သွားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့သည် ၎င်းကို အဆိုပါ ကြိုးပေါ်မှ ပြန်ချရန် (၄၅)မိနစ် အချိန်ယူ လုပ်ဆောင် ခဲ့ရသည်။ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်နောက် ဆရာဝန်များက ၎င်းသည် စတန့်ပြကွက်အတွင်း ပြင်းပြင်း ထန်ထန် နှလုံးထိခိုက်မှု ဝေဒနာ ခံစားသွားရခြင်းဖြစ်ကြောင်း ပြောဆို အတည်ပြုခဲ့သည်။

(စတန့်ပြကွက်ပြသနေစဉ် ကွယ်လွန်သွားသည့် နက်သ်ရွိုင်း)

ဓာတ်ပုံဆရာ တစ်ဦးဖြစ်ပြီး ထောင်နှင့်ချီသည့် အခြားသော မျက်မြင်များနှင့်အတူ ရှိခဲ့သည့် ဘာလိုင်ဆူထရက်ဟာက "ရှေ့တိုးဖို့ သူအသည်းအသန် ကြိုးစားခဲ့တယ်။ ပြီးတော့ တစ်ခုခု အော်မလို့ လုပ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ဘယ်သူမှ သူဘာပြောချင်တယ် ဆိုတာကို မကြားရဘူး"ဟု ပြောဆိုခဲ့သည်။ "မိနစ်(၃၀)လောက် ရုန်းကန်နေရတဲ့နောက် သူငြိမ်သက်သွားတာပဲ"ဟုလည်း ၎င်းက ဆိုသည်။

(၂၀၀၈ ခုနှစ်က ရထားတစ်စင်းကို ကျစ်ဆံမြီးဖြင့် ဆွဲပြခဲ့သည့် နက်သ်ရွိုင်း)

နက်သ်ရွိုင်း သည် ကွယ်လွန် ချိန်တွင် အသက် (၄၉)နှစ် ရှိနေပြီ ဖြစ်သည်။ ၎င်းသည် (၂၀၀၈)ခုနှစ်က ပိုနီတေး ကျစ်ဆံမြီးဖြင့် ရထားတစ်စင်းကို ဆွဲပြခဲ့ဖူးပြီး (၂၀၀၇)ခုနှစ်က အဆောက်အအုံ နှစ်ခုကြား ဆံပင် ဖြင့် တွဲလောင်း ချကာ ကူးပြောင်းပြီးပြီး ဆံပင်ကို ချိတ်ဆက် အသုံးပြုပြီး ခရီးအဝေးဆုံး ရောက်အောင် သွားနိုင် သူ အဖြစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် စာရင်းသွင်း ဖော်ပြ ခံခဲ့ရသည်။

Source: TheSun

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်