Tuesday, May 07, 2013

မြန်မာသံရုံးဗုံးဖောက်ခွဲရန်ကြံစည်သူ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ခြေရာခံနိုင်ခဲ့

Posted by drmyochit Tuesday, May 07, 2013, under | No comments


မေ ၂ ရက်က အင်ဒို နီးရှား နိုင်ငံရှိ မြန်မာ သံရုံးအား ဗုံးဖောက် ခွဲရန် ကြံစည် ခဲ့သူဟု မသင်္ကာသူ တစ်ဦးသည် လူမှု ကွန်ရက် ဖေ့စ်ဘွတ်ခ်ကို အသုံးပြု၍ ၎င်းနှင့်အတူ  ဗုံးခွဲမည့် သူများကို စုဆောင်း ခဲ့ ကြောင်း သိရသည်။

“ဖေ့စ်ဘွတ်ခ် ပေါ်က သူတို့ရဲ့ လှုပ်ရှား မှုတွေကြောင့် ကျွန်တော်တို့ နာမည် အချို့ကို ခြေရာ ခံနိုင်ခဲ့ တာပါ”ဟု Densus 88 ဟု ခေါ်ဆို သော  အမျိုးသား ရဲတပ်ဖွဲ့အကြမ်းဖက် ဆန့်ကျင်ရေးဌာနမှ အမည် မဖော် လိုသော အရာရှိ တစ်ဦးက ဂျကာ တာဂလိုဘ် သတင်း စာအား ပြောကြားသည်။

ဗုံးခွဲရန် ကြံစည် မှုနှင့် ဆက်စပ်၍ လူပုဂ္ဂိုလ် အမည် များကို စုံ ထောက်များက ဆက်လက် ခြေရာခံ နေသော ကြောင့် ဖေ့စ် ဘွတ်ခ်တွင် တွေ့ရှိခဲ့သူများ၏  နာမည်များထုတ်ဖော်ပြောကြားရန် သတင်း ရင်းမြစ် က ငြင်းပယ် သည်။

ဖေ့စ်ဘွတ်ခ် စာရင်း အချို့တွင် ပါဝင်သော အကြောင်း အရာများကို နက်နက် နဲနဲ ပိုင်းခြား စိတ်ဖြာ လေ့လာ ရာမှ ယခု ကိစ္စကို ဖော်ထုတ် နိုင်ခြင်း ဖြစ်ပြီး အင်တာနက်  လမ်းကြောင်း များကို လည်း ရှာဖွေ နိုင်ခဲ့ကြောင်း အဆိုပါ ရဲ အရာ ရှိက ပြောသည်။ အင်ဒို နီးရှား ရဲတပ်ဖွဲ့က အကြမ်းဖက် သမား နှစ်ဦးအား ဖမ်းဆီး ထားပြီး  ဗုံးခွဲရန် ကြံစည် အမှု အစီ အစဉ် နောက် ကွယ်မှ အဓိက ကြိုးကိုင် သူဟု ရဲ တပ်ဖွဲ့က ဖော်ထုတ် ထားသူ အင်ဒရာဂစ် မှာမူ လွတ်မြောက် နေဆဲ ဖြစ်သည်။

မသင်္ကာသူ အကြမ်း ဖက် သမား များသည် အသေခံ ဗုံးခွဲရန် စီစဉ် ထားခြင်း မဟုတ်ဘဲ ချိန်ကိုက် ဗုံးများဖြင့် ဖောက်ခွဲရန် စီစဉ် ခဲ့ခြင်း ဖြစ်သည်ဟု  ဂျကာတာ ဂလုဘ် သတင်း ရင်းမြစ်က ပြောကြား သည်။

From : ..7day 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်