Tuesday, May 07, 2013

သြစတြေးလျ၏ စီးကရက်ထုပ်ပိုးမှုဆိုင်ရာ ဥပဒေ ကျူးဘား ကန့်ကွက်မည်

Posted by drmyochit Tuesday, May 07, 2013, under | No comments


သြစတြေးလျ နိုင်ငံ၏ စီးကရက် ထုပ်ပိုးမှုဆိုင်ရာ ဥပဒေ ကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ (ဒဗလျူတီအို)တွင် ကန့်ကွက် သွားရန် ကျူးဘားနိုင်ငံက စီစဉ် ဆောင်ရွက် ထားလျက် ရှိကြောင်း ဆွစ်ဇာလန် နိုင်ငံ ဂျီနီ ဗာမြို့ အခြေ စိုက် ဒဗလျူတီအိုက မေ ၆ ရက်တွင် ထုတ်ပြန် သော သတင်းကြေညာချက် တစ်ရပ်တွင် ဖော်ပြ သည်။ သြစတြေးလျနိုင်ငံက စီးကရက် ထုပ်ပိုးမှု ဆိုင် ရာ တင်း ကျပ်သည့် ဥပဒေ ထုတ်ပြန် ပြဋ္ဌာန်း ခဲ့ခြင်းနှင့် ပတ်သက် ၍ ယူကရိန်း၊ ဟွန်ဒူးရပ်စ်နှင့် ဒိုမီနီကန် သမ္မတ နိုင်ငံတို့ ကလည်း ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့တွင် တရား ဥပဒေ ကြောင်း အရ တရားစွဲဆိုမှုများ ပြုလုပ် ထားကြသည်။ သြစတြေးလျနိုင်ငံ၌ လွန်ခဲ့သည့် ဒီဇင် ဘာလက အာဏာ သက်ဝင်လာခဲ့သော ဥပဒေအရ စီးကရက် ကုမ္ပဏီများ အနေဖြင့် ၄င်းတို့ ထုတ် လုပ်သော စီးကရက်ဘူးများပေါ်တွင် ကုမ္ပဏီအမှတ်တံဆိပ် (လိုဂို)ကို ဖော်ပြခွင့် မရှိပေ။ ၄င်းအပြင် စီးကရက် ဘူး ပေါ်တွင် ကျန်းမာရေးသတိပေးချက်ကို အထင်အရှား ဖော်ပြရန် လိုအပ်သည်။ စီးကရက်ဘူး ထုပ်ပိုးခြင်း ဆိုင်ရာ တင်းကျပ်သော ဥပဒေကို သြစတြေးလျနိုင်ငံက ပြဋ္ဌာန်းခဲ့ပြီးနောက် ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နော်ဝေ၊ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် ကနေဒါနိုင်ငံတို့ကလည်း အလားတူ ဥပဒေတစ်ရပ် ပြဋ္ဌာန်း နိုင်ရန် စဉ်းစားသုံးသပ်လျက် ရှိကြသည်။ 

(ရိုက်တာ)
From: ခေတ်လူငယ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်