Saturday, July 20, 2013

အမေ ကို သားဖြစ်သူမှ အဓမ္မပြုကျင့်မှု ဖြစ်ပွား

Posted by drmyochit Saturday, July 20, 2013, under | No comments

၁၈.၇.၂၀၁၃ ရက်နေ့ (၂၁၀၀) အချိန်ခန့်တွင် ဧရာဝ တီတိုင်းဒေ သကြီး ၊  မြန်အောင်မြို့နယ် ၊ ဇလုပ်ကြီး အုပ်စု ၊ ပိန်းအင်းကျေးရွာနေ ၊ ဒေါ်---- (၅၆) နှစ် သားဖြစ်သူ ကျော်မင်းထိုက် (၂၂) နှစ် ၊ တို့သည် တစ်ရွာ တည်းနေ ကျော်နိုင်မှ ဒုတ်နှင့်ပစ်၍ ဒဏ်ရာ ရရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ထံတွင် တိုင်ကြားပြီးနောက် အတူပြန် လာစဉ် ဦးသိန်းမြင့်၏ လယ်စောင့်တဲ အရောက် အရက်ပုလင်းကျန်ရစ်ခဲ့၍ လယ်စောင့်တဲ အတွင်း သွားရောက် ယူမည်ဟု ပြော၍ မိခင်အား လယ်စောင့်တဲ့ အတွင်း ခေါ်သွား ပြီးနောက် ကျော်မင်းထိုက်မှ ၄င်း ၏ မိခင် ဒေါ်မစိန်အား သားမယားအဖြစ် အတင်းအဓမ္မ ပြုကျင့် မည်ပြု လုပ်စဉ် မိခင် ဒေါ်မစိန်မှ “ သားရယ် အမေလေ အဲသည်လို မလုပ်ရဘူး ” ဟု ပြောရာ ရုန်းရဲရုန်းကြည့် ရုန်း လျှင် ဓါးနှင့် ထိုးမည်ဟု ခြိမ်းခြောက် ပြောဆို၍ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မြန်အောင်မြို့နယ် ၊ ရွှေကျင်ရဲ စခန်းတွင် (ပ) ၃၁ / ၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆  အရ အမှုဖွင့်ဆောင်ရွက် ထားကြောင်း သိရှိရပါသည်။

Myanmar News Now

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်