Saturday, July 20, 2013

ကလေးသူ ငယ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် ကျူးလွန် သူကို သေဒဏ် အပြစ်ပေးသည့် ဥပဒေ လွှတ်တော် တင်သွင်းရန် စာတမ်းပြုစု

Posted by drmyochit Saturday, July 20, 2013, under | No comments

ရန်ကုန် ၊ ဇူလိုင် - ၁၉ ။                   ။ကလေး သူ ငယ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုများလျော့နည်း သွားရန်ရည် ရွယ်၍ ကျူးလွန်သူအား သေဒဏ် အပြစ်ပေးရန် ဥပဒေ တစ်ရပ်ကို ခေတ်သစ် အမျိုး သမီး အစည်း အ ရုံး(မြန်မာ)မှ လွှတ်တော် တွင်တင် သွင်းရန် စာတမ်း ပြုစုပြီးဖြစ် ကြောင်း သိရသည်။ ယခုနှစ် အတွင်း ကလေးသူ ငယ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုများမှာ အလွန် များပြားလာ ကြောင်း၊ အချို့ ပြစ်မှု များမှာ ဖခင် နှင့် သား သမီးတို့ပင်ဖြစ်ကြောင်း၊ ထိုကဲ့ သို့ လူမဆန် လွန်းသောဖြစ် ရပ်များကိုတားမြစ် နိုင်ရန် ပြင်း ထန်သော ဥပဒေ အဟန့် အတား တစ်ခုလို အပ်ပြီဟု ခေတ်သစ်အ မျိုးသမီး အစည်းအရုံး (မြန်မာ)က ယူဆသောကြောင့် ယခုကဲ့ သို့ ပြု လုပ်ရန် ကြိုးစား ရခြင်း ဖြစ်ကြောင်း အစည်း အရုံး ဥက္ကဌ ဒေါ်ရီရီစံက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ပြောသည်။

ဒေါ်ရီရီစံက ''ဒီလိုကျူးလွန် ရင် သေဒဏ် ဆိုတာ လူတွေသိသွား မယ်။ ဒါဆိုရင် မကျူး လွန်ရဲတော့ ဘူးလို့ ထင်ပါတယ်။ အသက်နဲ့ ရင်း တဲ့အဟန့် အတား တစ်ခုကြောင့် ဒီလိုမကြားဝံ့ မနာသာတဲ့ ကိစ္စတွေ လျော့နည်း သွားနိုင်ဖို့ ရည်ရွယ် ပါတယ်''ဟုပြောသည်။ အဆိုပါ ကလေး သူငယ် လိင်ပိုင်း ဆိုင်ရာ အကြမ်း ဖက်ခံ ရမှုများ ကို သေဒဏ်ချမှတ်သင့် ကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ''ဒီတစ်ပတ် လွှတ်တော်မှာ ကျွန် တော်တင်ပြ ခဲ့ပေမယ့် သိပ် အ ကြောင်းမထူးခဲ့ပါဘူး။ လာမယ့် ရှစ်ကြိမ်မြောက်မှာတော့ ဒီထက် ပိုပြီးပြည့်စုံ ခိုင်မာတဲ့ ဥပဒေကို ကျွန် တော်ကိုယ်တိုင်ေ ရးဆွဲပြီး ထပ် တင်သွားမှာပါ''ဟု ပြောသည်။

မြန်မာ နိုင်ငံ အမျိုးသားလူ့ အခွင့် အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ''ဒီလို လုပ်ရပ်တွေ အတွက် ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ဖို့တော့ လိုတာပေါ့။ ဒါပေမဲ့ သေဒဏ် ဆိုတာ ကတော့ လူ့အခွင့် အရေး စံနှုန်းနဲ့ ကြည့်ရင် မကိုက် ညီပါဘူး။ ဥပဒေ ပြဌာန်း ခြင်း၊ မပြဌာန်းခြင်း ကတော့ လွှတ်တော်က သာလျှင် အဓိက ဖြစ်ပါ တယ်'' ဟုပြောသည်။


ဒီခေတ်နေ
From: yangon mediagroup

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်