Saturday, July 20, 2013

iPhone ကြောင့် တရုတ်မလေးသေဆုံးမှုနောက်ဆက်တွဲသတင်း (၂)

Posted by drmyochit Saturday, July 20, 2013, under | No comments


ပြီးခဲ့တဲ့ ရက်သတ္တပတ်က ၂၃ နှစ်အရွယ် တရုတ် အမျိုးသမီးတစ်ဦး ဖုန်းကို အားသွင်းရင်း စကားပြော ကြားနေစဉ် ဓာတ်လိုက် သေဆုံးခဲ့တဲ့ အကြောင်းအရင်းမှာ third-party USB charger နဲ့ ဆက်စပ်မှု ရှိတယ် လို့ ဖုန်း ကျွမ်းကျင်သူ ပညာရှင် Xiang Ligang က CCTV နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

ဖုန်းပြောနေရင်း ဓာတ်လိုက်သေဆုံးသွားတဲ့ Ma Ailun ဆိုသူဟာ သူမရဲ့ iPhone 4 မှာ third-party charger ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ third-party charger ဟာ လုံခြုံစိတ်ချမှု အနည်းငယ် သာရှိ တယ်လို့ Xiang Ligang က ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Apple ရော တရုတ်နိုင်ငံမှ တာဝန်ရှိသူတွေပါ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲ ဖြစ်ပါ တယ်။ မူလက သေဆုံးသူ အမျိုးသမီး သုံးစွဲခဲ့တဲ့ ဖုန်းဟာ iPhone 5 လို့ ယူဆခဲ့ပေမယ့် တကယ်တမ်းမှာ ၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းက ဖြန့်ချိခဲ့တဲ့ iPhone 4 ဖြစ်တယ်လို့ CCTV က ဖော်ပြခဲ့ပါတယ်။

Ref & Credit: Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်