Wednesday, July 10, 2013

ယဉ်ထိန်းရဲ ၈-ယောက်က ဆိုင်ကယ် မောင်းသမားအား အုပ်စုဖွဲ့  ဝိုင်းဝန်း ကန်ကျောက် နှိပ်စက်ဖမ်းဆီးခြင်း

Posted by drmyochit Wednesday, July 10, 2013, under | 1 comment


၉-၇-၂၀၁၃-ယနေ့ တွင် ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့  ရှိ ညဈေးတန်း ထောင့်တွင် ညနေ ၅နာရီကျော်ခန့် က ယာဉ်ထိန်းရဲ များ ဆိုင်ကယ်လိုင်စင်များ စစ်ဆေးနေစဉ် ၊ ဆိုင်ကယ်သမားတစ်ဦးမှာ မူးနေပြီး ယာဉ်ထိန်းရဲအား မချေမငံပြန်ဆက်ဆံ ခဲ့ သဖြင့် ၊ ယဉ်ထိန်းရဲ ၈-ယောက်ခန့်  စုဝေးရောက်ရှိလာပြီး ၊ ဆိုင်ကယ်သမားအား အုပ်စုဖွဲ့  ဝိုင်းဝန်းထိုးနှက် ကန်ကျောက် သဖြင့် မေ့လဲသွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ မေ့လဲနေသော ဆိုင်ကယ်သမားအား ၊ ယာဉ် ထိန်းရဲများက ဒရွတ်တိုက် လမ်းမထက်ဆွဲခေါ်ပြီး ကားပေါ်တင်ပြီး ရဲစခန်းတွင်ချုပ်ထားကြောင်း မျက်မြင် သက်သေတစ်ဦး ဖြစ်သော ကိုမင်းထွေးမှ Myanmar News Now ကို ပြောပြသည်။

ရဲများအနေဖြင့် ယခုကဲ့ သို့ -အုပ်စုဖွဲ့ ရိုက်နှက်ပြီး ဖမ်းဆီးခြင်းမှာ မသင့်တော်ကြောင်းနှင့် ဥပဒေရှိလျှင် ဥပဒေအတိုင်း အရေးယူသင့်ပြီ၊ ယခုကဲ့ သို့  ကိုယ်ထိလက်ရောက် မပြုလုပ်သင့်ကြောင်း ကိုမင်းထွေး က ပြောပါသည်။

Myanmar News Now

1 comments:

ဒီကောင်တွေက ယာဉ်ထိန်းပေးတာကနည်းနည်း
ဟိုစစ်ဒီစစ်နဲ့ ပိုက်ဆံညှစ်တဲ့ကောင် ကများများ
တပ်ပုဗ္ဗဘက်က မီးပွိုင့် မှာဆို လမ်းကြောင်း၇ှိတဲ့
အချိန်မှ မီးပွိုင့်မှာ တွေ့၇တယ် ကျန်တဲ့အချိန်
ဆေးရုံထောင့်က သစ်ခြောက်ပင်အောက်မှာ
တောက်လျောက်ဂွင်၇ိုက်နေတာ
ကယ်၇ီသမားတွေမေးကြည့် အကုန်သိတယ်
လျို့ဝှက်ပြီးစုံစမ်းမှ အ ဖြေမှန်ပါမည်
ငါလာစစ်တော့မယ်ဟေ့ဟု ကြွေးကြော်ပြီး
လာစစ်လို့က တော့ သူတို့လောက်တာဝန်ကျေတဲ့လူ
ဒီကမ္ဘာမှာမ၇ှိသလို သ၇ုတ်ဆောင်ပြလိမ့်မည်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်