လူသုံးဦးက ၀ိုင်းဝန်းအဓမ္မပြုကျင့်မှုတစ်ခု သမိုင်းဘူတာရုံလမ်းရှိ တည်းခိုခန်းတစ်ခုတွင် ဇူလိုင် ၉ ရက် ည ၇ နာရီ ခန့်က ဖြစ်ပွားခဲ့သဖြင့် ဘုရင့်နောင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။
ပြုကျင့်ခံရသည့်အမျိုးသမီးသည်အသက် ၃၃ နှစ်အရွယ်ရှိပြီး မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း ရဲဌာန က အတည်ပြုထားပြီး သူမသည်အလှူတစ်ခုတွင် သွားရောက်ကူညီလုပ်ကိုင်ပြီး အပြန်လမ်းတွင် ယခုလို အဓမ္မ ကျင့်ခံရခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။
ထိုသို့ပြန်လာချိန်တွင် အတူပြန်လာသည့် အမျိုးသားကသမိုင်းဘူတာရုံလမ်း ရှိ တည်းခိုခန်းသို့ခေါ်ဆောင် ရာ သူမက လိုက် သွားခဲ့ကြောင်း၊ ထို့နောက်သူမကို ခေါ်ဆောင်လာသော အမျိုးသားကတစ်ဦးတည် အပြင်သို့ ပြန်ထွက် သွားခဲ့ ကြောင်း ကာယကံရှင်ကရဲ ကို ထွက်ဆိုထားသည်။
အဆိုပါအမျိုးသားက ပြန်လာသောအခါ အရက်များသောက်စား လာသည့်အပြင် သူနှင့်အတူ အခြား အမျိုးသားနှစ်ဦးကိုပါ ခေါ်ဆောင် လာခဲ့ပြီးအမျိုးသမီးကို အဓမ္မကျင့်ခဲ့သည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် တွေ့ရသည်။
ယခုကိစ္စနှင့် ပတ်သက်၍ အဓမ္မပြုကျင့်သူများအဖြစ် စွပ်စွဲခံရသူများမှာ ကိုနေလင်းအောင်၊ ကိုကျော်နိုင် နှင့် ကိုအောင်အောင် တို့ဖြစ်ကြသည်။
ဇော်ဇော်ထွေး | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၂၄ မိနစ်
Mizzima - News in Burmese
Time in Rangoon


0 comments:
Post a Comment