Wednesday, July 10, 2013

လိမ်လည်ဆေးကုသည့် တရုတ်ဆေးခန်းများကို သတိထားရန် ကျန်းမာရေးဝန်ကြီးပြော

Posted by drmyochit Wednesday, July 10, 2013, under | 1 comment




ရန်ကုန်တိုင်းအတွင်းမှာ တရုတ်ဆေးဆရာတွေက ကုသနေတဲ့ တရားမ၀င် ဆေးကုခန်းတွေကို ပိတ်သိမ်းဖို့ သက်ဆိုင် ရာက ညွှန်ကြားပြီးဖြစ်ပေမယ့် ဆိုင်းဘုတ်ဖြုတ်ပြီး ဆက်ကုနေတာကြောင့် ပြည်သူတွေ သတိထား ဖို့လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သတိပေးပြော ဆိုပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မမှန်မကန် လုပ်နေတဲ့ ဆေးခန်းတွေကို ဘယ်လို အရေး ယူဆောင် ဖို့ရှိသလဲဆိုပြီး ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ နေလင်းက မေးတာကို ပြည်ထောင်စုဝန်ကြီးက ခုလိုဖြေကြားခဲ့တာပါ။

ဝန်ကြီးက အဲဒီ ဆေးခန်းတွေဟာ ဘယ်သူ့ဆီကမှ ကုသခွင့်လိုင်စင်မရဘဲ မမှန်မကန် လုပ်ဆောင်နေတာတွေကြောင့် ပိတ်သိမ်း အရေးယူပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်မှု အားနည်းတာကြောင့် ခုလို မှောင်ခို ဖွင့်လှစ်ကုသမှုတွေ ဆက်ပြီးလုပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အနောက်တိုင်းဆေးတက္ကသိုလ်တွေက ဘွဲ့ရသူလည်းမဟုတ်၊ တိုင်းရင်းဆေး ကုသခွင့် ရထားသူလည်း မဟုတ်သူတွေ အတော်များများ ၀င်ရောက်နေပြီး ဆေးကုသမှုတွေ လုပ်နေလို့ သတိထားဖို့ သင့်တယ်ဆိုပြီး ၀န်ကြီး ဒေါက်တာဖေသက်ခင်က ပြောပါတယ်။

by ဒီဗွီဘီ

1 comments:

အ ရေးမယူဘူးလား
အဲဒါဆို ကျွန်တော်လည်းကုမယ်လေ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်