အောင်လံ၊ သြဂုတ်၂၃။
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့၏ ဧရာဝတီမြစ်ကမ်းဘေးတွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်ပုံကြီးများ များပြားလျက်ရှိပြီး ခရီးသွားများသည် အနံ့ဆိုးများ ရှုရှိုက်နေရသည့်အပြင်
မြို့၏ဂုစ်သိက္ခာ ထိခိုက်လာနိုင်သည်အထိ မြင့်မားလာကြောင်း သရက်သို့ နေ့စဉ် ရုံးတက်နေရသော ၀န်ထမ်းတစ်ဦးက ပြောသည်။
“မြစ်ရေက သောက်ရေအတွက် သုံးတာလေ၊ တွင်းရေက ကိုယ့်အိမ်သုံးဖို့ အတွက်သက်သက်ပဲ၊ ရေတက်ချိန်ကြောင့်ရေက နောက်နေပါတယ်ဆိုမှ မြစ်ကမ်းက အမှိုက်ပုံတွေနဲ့ဆိုတော့ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။
ယင်းအပြင် မြစ်ရေကိုသာအဓိက အသုံးပြုရသော မြို့ဖြစ်သောကြောင့်လည်း မြစ်ရေများ ညစ်ညမ်းလာမှုကလည်း ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း သရက်မြို့ခံတစ်ဦးက ပြောသည်။
ကမ္ဘာလှည့် ခရီးသွားများ ပါဝင်သော ခရီးသည်တင် သဘောင်္ကြီးများလည်း သရက်မြို့တွင် ဆိုက်ကပ်လေ့ ရှိသောကြောင့် ယင်းကဲ့သို့ အမှိုက်ပုံကြီးများ ရှိနေပါက မိမိတို့မြို့၏ ဂုဏ်သိက္ခာ ထိခိုက်ရမည်ဖြစ်ကြောင်းလည်း မြို့ခံတစ်ဦးက ပြောသည်။
သရက်မြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင်ရှိသော ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်သည့်အပြင် ရေလမ်းခရီးဖြင့် သွားလာမှုများပြီး မန္တလေးစသောမြို့များသို့ ကားဖြင့်ခရီးသွားလိုပါက
မြစ်အရှေ့ဘက်ကမ်းရှိ အောင်လံမြို့သို့ စက်လှေဖြင့်ကူးလာပြီးမှ တဆင့်သွားရသောမြို့ဖြစ်သည်။
ယင်းကဲ့သို့ရေလမ်းခရီး အသုံးပြုများသော မြို့ဖြစ်သောကြာင့် မြစ်ကမ်းနံဘေးတွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်ပုံကြီးများ ရှိနေခြင်းမှာ လုံးဝမသင့်လျော်ကြောင်း ခရီးသွားများက ပြောကြသည်။
လင်းသက်
The Myanma Age
Time in Rangoon


0 comments:
Post a Comment