သြဂုတ်လ
၂၄ ရက်နေ့၊ နေ့ လယ် ၁၁ နာရီက မဟာဗန္ဓုလ လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်
ရှေ့တွင် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပတ် သက်ပြီး မပြေလည် မှုများကို ရုပ်ရှင်
နှင့် ဗီဒီယိုလောကသားတချို့ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်
မှု မစတင်မီ မနက်ပိုင်းကတည်းက ၃၅လမ်း၊ ၃၆လမ်းရှိ ထုတ်လုပ်ရေး တချို့ တွင် ရုပ်ရှင် လောကသား
တချို့ ရောက်ရှိနေကြပြီး မြန်မာရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ အလိုမရှိ "၊ 'ဗီဒီယို
အခြေခံ အဖွဲ့(ဗဟို)နှင့် အဖွဲ့ထက် ပေး'စာသားပါသည့် တီရှယ်အင်္ကျီ များကို ဆင်တူ ဝတ်ဆင်
ထားကြသည်။ ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်း နေချိန် တွင်
ကိုယ့်ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားတာနှင့်ပတ် သက်ပြီး DVD5 ထုတ်လုပ်ရေးပိုင်
ရှင်ကိုအငယ်လေးက "ရုပ်ရှင်နှင့် ဗီဒီယို လောကသားများ ဟာ ခေတ် သစ်၊ စနစ်သစ်မှာ
ထူးထူးခြားခြား ပြောင်းလဲမှုတွေ မရှိခဲ့ပါဘူး။ ဒါ ကြောင့်လည်း လွတ်လပ်စွာဆန္ဒ ထုတ်ဖော်ခဲ့ကြ
တာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းက NGOစစ်စစ်လို့သာ ပြောနေတာ ဒါပေမဲ့ NGOစစ်စစ် မဟုတ်သေးဘူး။
စီးပွားရေးနဲ့ကွဲနေ
တဲ့အတွက် NGO စစ်စစ်မဖြစ်နိုင် ဘူး။ အတ္တတွေလည်း ပါလာတဲ့အခါ အဆင်မပြေနိုင်ဘူး"လို့
ပြောကြာပေး ခဲ့သည်။
From:
Poular Journal
Time in Rangoon






0 comments:
Post a Comment