Saturday, August 24, 2013

အိုးအိမ်ဦးစီးဌာနမှ ဒု-ညွှန်မှူး၏ကား အခိုးခံရ

Posted by drmyochit Saturday, August 24, 2013, under | No comments

အိုးအိမ်ဦးစီးဌာနမှ ဒု-ညွှန်မှူး ပိုင်ဆိုင်သော ကားအခိုးခံရမှု တစ်ခုသြဂုတ် ၂၀ ရက်ညက ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

သာကေတမြို့နယ်တွင် နေထိုင်သည့် ဒု-ညွှန်မှူး ဦးနိုင်လင်းသည် သြဂုတ် ၂၀ ရက် ည ၈ နာရီခန့်တွင် သူ၏ ၇က/ဩဩ အာဗီးနီးယား ခဲရောင်ကားကို “စိန်သုံးလုံး”ကြေးအိုးဆိုင်အနီးတွင် ရပ်ထားခဲ့ပြီး ဆိုင်အတွင်း ကြေးအိုးဝင်စားခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ကြေးအိုးစားပြီးသည့်နောက် ဆိုင်မှထွက်လာပြီး ကားထားခဲ့သော နေရာသို့ ရောက်သောအခါ ကားကို မတွေ့ ရတော့ဘဲ ပျောက်ဆုံးနေသည်ဟုလည်း ရဲဌာနကဆိုသည်။

ထို့ကြောင့် ကားကိုခိုးယူသူကို စုံစမ်းအရေးယူပေးရန် ဦးနိုင်လင်းက တရားလိုပြုလုပ်တိုင်တန်းထားပြီး ဗိုလ်တစ်ထောင် ရဲစခန်းက အမှုအမှတ်(ပ)၁၅၈/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူကို ဖမ်းမိလျှင်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ (ကား)ဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲဌာနက ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်