Saturday, August 24, 2013

ဆန္ဒပြပွဲရောက် ရုပ်ရှင်လောကသားများ၏ အမြင် သဘောထား များစုစည်းမှု

Posted by drmyochit Saturday, August 24, 2013, under | No comments

“ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ သရုပ်ဆောင်ကိုမင်းဇော်က



ဆန္ဒထုတ်ဖော်ရာတွင် ကိုင် ဆောင်မည့် ဆိုင်းဘုတ်များတွင် 'အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့၊ အိပ်ထဲထည့် ရုပ် ရှင်အစည်းအရုံးဥက္ကဋ္ဌ ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို) ဥက္ကဋ္ဌအလိုမရှိ''၊ ''ကိုယ် ခွေကိုယ်ရောင်း လာဘ်စားတဲ့ ဗီဒီယို(ဗဟို) အလိုမရှိ၊ ပြောတော့ NGO၊ လုပ်တော့ အာဏာရှင်အုပ်စုဖွဲ့ ရုပ်ရှင် အစည်း အရုံး အလိုမရှိ"၊ 'အလုပ်မလုပ်တရားမဲ့အုပ်ချုပ်တဲ့ ဗီဒီယို(ဗဟို) အလိုမရှိ' စသည့် စာသား များကို ရုပ်ရှင်၊ ဗီဒီယိုလော ကသားတချို့က ကိုင်ဆောင်ထားကြ သည်။ သတင်း မီဒီယာတွေ ကလည်း ဆန္ဒမထုတ်ဖော်မီကတည်းက သတင်းယူရန် ရောက်နှင့်နေကြ သည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ သရုပ်ဆောင်ကိုမင်းဇော်က 'ကျွန်တော်က သရုပ်ဆောင်တစ် ယောက် အနေနဲ့ ဆန္ဒထုတ်ဖယ်တာ ပါ။

ခေါင်းဆောင် ကောင်းတစ် ယောက်ကို လိုချင်ပါတယ်။ အကျိုး ရလဒ်ကို အကောင်းဆုံး ဖြစ်တာ မျိုးကို လိုချင်ပါတယ်။ လုပ်သင့်လုပ်ထိုက် တာကိုလည်း ဆက်လုပ်သွားမှာပါ။ ဒီလော ကသား တစ်ယောက် အနေနဲ့ လည်း တာဝန်ကျေချင်တယ်။ ဒီနေရာမှာ ပြောကိုပြောသင့်တဲ့ ကိစ္စ လို့လည်း ထင်တယ်။ ဒါကြောင့်လည်း လက်မရှောင်ပဲ ပါဝင်ဖြစ်တာပါ။အဲဒီအတွက် ဖြုတ်၊ ထုတ်၊ ပိတ် ဆိုတဲ့ ဟာမျိုးတွေလည်း လုပ်နိုင်ပါတယ်" လို့ ထည့်သွင်းပြောကြားခဲ့သည်။
*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*

“တာဝန် ရပ်ဆိုင်းခြင်း ခံထားရသည့် ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်

မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးကနေပြီး တာဝန်ရပ် ဆိုင်းခြင်းခံ ထားရသည့် ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံဥက္ကဋ္ဌ ဒေါ်စန်းစန်းမော် ကလည်း ဆန္ဒပြ သည့်နေရာတွင် 'အခု ဆန္ဒ ထုတ်ဖော် တာက မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက အာဏာရှင်ဆန်ဆန်ကျင့် သုံးနေတဲ့ အတွက် ဆန္ဒထုတ်ဖော် တာ။ အခုလည်း ကိုလူမင်းကို ထောက်ခံပါတယ်ဆိုပြီးတော့ ကို လူချောတို့ အဖွဲ့အနေနဲ့ မဖြစ်မနေ လူတွေကို By Name နဲ့ခေါ်မယ်။

ဆန္ဒပြမယ်။ ကျွန်မတို့အခုဆန္ဒပြနေ တာက ဒီလိုလုပ်တာမဟုတ်ပါဘူး။ ဆန္ဒတူရင် လာခဲ့ပါလို့ခေါ်တဲ့ အတွက် မိမိသဘောနဲ့မိမိ လာကြတာပါ"ဟုပြောကြားခဲ့သည်။
*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*

“ဟိန်းဝေယံ ဖခင် မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင် ဦးဝင်းကို”


ဆန္ဒပြ သည့်လူအုပ်ကြားထဲကိုရောက်နေ သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ ဗီဒီယို ထုတ်လုပ် ရိုက်ကူး ခွင့် ကို တစ်နှစ်တိတိ ပိတ်ခံထား ရသော မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးပိုင် ရှင် ဦးဝင်းကို ကလည်း ဆန္ဒထုတ် ဖော်မှုဆီကို ပါဝင်လာရောက်ရခြင်း နှင့်ပတ်သက်ပြီး..

"ဆန္ဒပြမယ်ဆိုတာကိုသိတော့ ကျွန်တော်တို့လည်း ပါဝင်ရမယ်လေ။ အများအကျိုးအတွက် လုပ်တဲ့ နေရာမှာ ပါကိုပါရမယ်။ ဘာကြောင့်ပါသင့်လဲဆိုတော့ လက်ရှိနိုင်ငံတော် က သွားနေတဲ့ နိုင်ငံရေးပေါ် လစီက ဒီမိုကရေစီစနစ်ကို သွားနေတဲ့အနေ အထားမှာ နိုင်ငံတော်ကတောင်မှဖြေလျှော့ပေးပြီးတော့ စီးပွားရေး၊ လူမှုရေး၊ ပရဟိတလုပ်ငန်းတွေကိုသွားနေတာ။ အဲဒီအချိန်မှာမှ NGOဆိုပြီး ကြေးကြော်နေ တဲ့ မြန်မာနိုင်ငံရုပ် ရှင် အစည်း အရုံး ကနေပြီး လုပ်ရပ်၊ လုပ်ကိုင်နေမှုပုံစံတွေက ဒီမိုကရေစီ မဟုတ်ဘဲ နဲ့ အာဏာရှင် ဆန်ဆန်ပုံစံဖြစ်နေတာကို လုံးဝ လက်မခံနိုင် ဘူး"ဟုပြောပြခဲ့သည်။ ဆန္ဒပြ လူအုပ်ကြီး ဆီကို ရောက်ရှိခဲ့ သူ မဟော်ဂနီ ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင် ဂျမန်းကလည်း ယခုဤနေရာ ကိုလာ ရောက် ပြီး ရောက်ရှိနေတာ သည် ဆန္ဒပြခြင်းမဟုတ်ဘဲ ဆန္ဒလာ ဖော်ထုတ်တာ ပါဟုဆို လာသည်။
*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*

" မဟော်ဂနီရုပ်ရှင် နဲ့ ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင် ဂျမန်း ရဲ့ ဆန္ဒဖော်ထုတ်ရခြင်း သဘောထား "


ကျွန်တော်က ဆန္ဒပြတာ မဟုတ်ဘူး။ ဆန္ဒလာဖော် ထုတ်တာ။ ကျွန်တော်တို့ ထုတ်လုပ် သူတွေအနေနဲ့ လုပ်ငန်း လုပ်တဲ့ အခါမှာအဆင်မပြေတော့ဘူး။သူ့ရဲ့အုပ်ချုပ်မှုအောက်၊လမ်းညွှန်မှုအောက်မှာ။နောက်တစ် ခုက NGO ဥက္ကဌ တစ်ယောက်အနေနဲ့ အသက်50မပြည့်ရင် လုပ်ပိုင်ခွင့်မရှိဘူးလို့ လွှတ်တော် မှာလည်း သတ်မှတ် ထား တာရှိတယ်။ရင့်ကျက်တဲ့အတွေ့အကြုံရှိတဲ့ သူကိုလိုတက်။သူ့အနေနဲ့သရုပ်ဆောင် လည်း လုပ်နေ တယ်။ သရုပ်ဆောင် လုပ်နေတဲ့သူတစ်ယောက်အနေနဲ့ အတ္တရှိနိုင်တယ်။အတ္တရှိတဲ့သူကိုမလို ချင်ဘူး။ သူနဲ့ ကျွန်တော်နဲ့ရန်သူလည်းမဟုတ်ဘူး။ဘာမှရန်ငြိုးလည်းမရှိဘူး။ ထုတ်လုပ်သူတွေ အားလုံး အနေနဲ့ အဆင်ပြေစေချင်လို့ ကိုလူမင်းရှင်းပေးပါ။ အခု ထုတ်လုပ် သူတွေအတော် အဆင်မပြေ ကျဘူး။ အခု ရိုက်ကူးရေးတွေ အရင်လောက် မများတော့ တာကိုပဲ ကြည့်တော့ လေ ။ဖြန့်ချိရေးအပိုင်းမှာ ဒုက္ခ ရောက်နေ တယ်။ တခြားNGOတွေလို မဟုတ်ဘူး။ လုပ်ငန်းတူတွေပေါ်မှာအာဏာပြနေသလို ဖြစ်နေ တယ်။ မလိုလား အပ်တဲ့ အာဏာတွေကို မလိုချင်ဘူး။ ဘာကိုမဆိုအာဏာပြနေသလိုဖြစ်နေတယ်။
*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*

“ဆန္ဒပြပွဲရောက် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးအတွင်းရေးမှူး ဦးအေးစိုး (ခ)ဦးပြူး ၏အမြင်”

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ တာဝန်ရှိသူအချို့ကို လည်း တွေ့ခဲ့ရ သည်။

ဆန္ဒပြမှုနေ ရာကို ရောက်ရှိနေ ခဲ့သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၏ အတွင်းရေးမှူး ဦးအေးစိုး (ခ) ဦးပြူး က အခုလို မှတ်တမ်း လာရောက်တင်ပြမှုနှင့် ယနေ့ဆန္ဒ ပြနေမှုမြင်ကွင်းနှင့်ပတ်သက်ပြီး

"ဆန္ဒပြမယ် ဆိုတာက ထုတ် လုပ်ဖြန့်ချိဆိုပြီး စာစောင်တွေထဲမှာ ပါတယ်လေ။ ဒါပေမဲ့တကယ်တမ်း ဆန္ဒပြတဲ့ သူတွေ ကို ကြည့်တဲ့အခါ ကျ တော့ အပြင်လူတွေလည်းပါတယ်။ နောက်ပြီးတော့ ငှားရမ်း သမားတွေ များတယ်။ ထုတ်လုပ်သူအနေနဲ့ဆို ရင်တော့ ဆန္ဒပြမယ်ဆိုတဲ့ ရန်ကုန် တိုင်းအဖွဲ့အစည်းက ဒီလောက် ပဲပါ တယ်။ အခုကင်မရာတွေနဲ့လည်း ရိုက်ကူးထားပါတယ်။ ပြန်ကြည့်ပြီး ဘယ်သူက ဘာဆို တာကို ပြောလို့ ရပါတယ်။ အပြင်လူလား၊ တကယ့် ထုတ်လုပ်သူလား၊ တကယ်ဖြန့်ချိသူ လားဆို တာကိုပေါ့။ စာရွက်ကမ်းတဲ့ အထဲမှာ ကြည့်လိုက်မယ်ဆိုရင် လည်း ငှားရမ်းလုပ်ငန်းရှင်တွေ များ ပါလိမ့် မယ်။ စာစောင်တွေထဲမှာက တော့ ထုတ်လုပ်၊ဖြန့်ချိဆိုပြီးတော့ ရေးထားတာပါ။ ပြတာကတော့ ပြ သွားပြီပေါ့။ ဘာမှတော့ ပြဿနာမ ရှိပါဘူး။ ကျွန်တော်တို့ ဥက္ကဋ္ဌက လည်း ဘာလုပ်မယ်ဆိုတာကိုလည်း သူ့ဆုံးဖြတ်ချက်ကို လိုက်ပြီးနားထောင်ရ မှာပေါ့။ ဒီနေ့ မှတ်တမ်း၊ မှတ်ရာ လာ တယ်။လုပ်တယ် ဆိုတာ ကလည်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတဲ့ဟာ နဲ့ လာရိုက်တာမဟုတ်ဘး။ မှတ်တမ်း၊ မှတ်ရာအနေနဲ့ လာရိုက်တာပါ" ဟု ပြောပြသွားခဲ့သည်။
*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*

“ရုပ်ရှင်အစည်းအရုံးကြီးကိုတောင်ဆန္ဒပြတယ်ဆိုတော့လို့ တွေးဆတဲ့ဖိုးချစ်”

နိုင်ငံကျော် ဇာတ်သဘင်မင်းသားတစ်ဦးဖြစ်တဲ့ဖိုးချစ်က သူ၏ Phoe Chitဖေ့ဘုတ် စာမျက်နှာ ထက်ကနေ တွေးဆဖွင့်ဟလိုက်သည်က.........


“အားလုံးသိ အားလုံး ပါဝင်ပြီး ရွေးချယ်ထား တဲ့ ရုပ် ရှင် အစည်းအရုံးကြီးကို တောင် ဆန္ဒ ပြတယ် ဆိုတော့ လူ သိပ်မ သိဘဲ ရွေးထားတဲ့ အဖွဲ့အစည်းတွေ ဆိုရင့့်  
(https://www.facebook.com/phoe.chit.334?hc_location=stream)by;Phoe Chit]ဟူ၏။
*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*


“ရုပ်ရှင်အစည်းအရုံးကို ဆန္ဒဖော်ထုတ်တဲ့ ကိစ္စ နှင့် ပတ်သတ်ပြီး သရုပ်ဆောင် အရိုင်း ( သို့ ) ဦးအောင် သန်း ဦး ရဲ့ ကွန်မန့် "




" ဒီလူတွေ ရုပ် ရှင် လောကနဲ့ ပတ်သက်တာ မကြာသေးပါဘူး ဦသုခ နဲ့ လဲ မကြုံဘူးပါဘူး ။ ဦးတင်နွယ်လဲ သိပုံမ ရပါ။ ပြောချင်တာက ရုပ် ရှင် နဲ့ ပတ်သက် ရင် သမိုင်း မရှိတာ ကိုပြောချင်တာပါ။ စစ်အစိုးရ လက် ထက် ကျမှပေါ်လာတဲ့ လူပါ။ အရင် လောကသားတွေ ဒုက္ခတွေ ခံနေရ တုန်း က ဘယ်ရောက်နေလဲ။ ဒါပဲမေး ပါရ စေ။ ထောက်လှမ်းရေး က ခေါ် စစ်တာမခံရ ဘူးဖူး မဟုတ်လား။ ခုမှလာပြီး ယုတ်ညံ့ တဲ့အပြု အမူတွေ မလုပ်ပါနဲ့ဗျာ။ ပြည်သူတွေကိုအမှားတွေ မပေးပါနဲ့။ ဒါပဲ ………"

From: Popular Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်