Saturday, August 24, 2013

အစိုးရက မြေဈေး ထိန်းချုပ်တော့မည်

Posted by drmyochit Saturday, August 24, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် ၂၃ ။           ။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမြေဈေး ကြီးမြင့်မှုများအား ထိန်းချုပ်ရန် အတွက် အစိုးရက ပုံသေမြေဈေးနှုန်း သတ်မှတ် ပေးတော့မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ ပေါက်နေသည့် မြေဈေး ကြီးမြင့် မှုများအား ထိန်းချုပ်ရန် အစိုးရ အဖွဲ့ များနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီးမှ စတင်၍ တစ်ပေ ပတ်လည် မြေဈေးနှုန်း များအား သတ်မှတ် ပေးမည် ဖြစ်ကြောင်းကို နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ဩဂုတ် ၂၃ ရက်က နေပြည်တော် တွင်ပြု လုပ်သည့် မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ''မြန်မာနိုင်ငံမှာ မြေဈေးတွေကြီးနေတော့ နိုင်ငံခြားရင်းနှီး မြှပ်နှံ မှုတွေအတွက် အခက်အခဲ ဖြစ်နေတယ်။ မြေဈေးတွေကြီး နေတာကို အခွန် နည်း လမ်းများနဲ့ လဲ ထိန်းပြီး လုပ်ဆောင်ဖို့တွေ ရှိပါတယ်။ တစ်ပေ ပတ်လည် ဈေးနှုန်း တွေကိုလဲ ပုံသေ သတ်မှတ် ပေးဖို့လဲ ရှိတယ်''ဟု ပြောသည်။ လက်ရှိ အချိန်တွင် ရန်ကုန် မြို့ရှိ အဓိက လမ်းများ၏ မြေဈေးများသည် တစ်ပေ ပတ်လည်လျှင် ၁ဝ သိန်းနှင့် ၁၅ သိန်း ဝန်းကျင် ဈေးများ ပေါက်နေပြီး တောင်ဥက္ကလာနှင့် သင်ဃန်းကျွန်းမြို့နယ်များ ရှိမြေဈေး များသည် လည်း တစ်ပေ ပတ်လည်လျှင် တစ်သိန်းခွဲမှ လေးသိန်း ဝန်းကျင် အထိ ဈေးများ ပေါက်နေ ကြောင်း သိရသည်။

ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဒေါက်တာ မောင်မောင်သိန်းက ''မြေဈေးတွေကြီးတာ တွေကို ထိန်းချုပ်ဖို့၊ ဒီလိုထိန်း ချုပ်တဲ့ နေရာ မှာလဲ တံဆိပ်ခေါင်း ခွန်တွေကို ကြပ်မတ်စွာ ဆောင်ရွက်ရမယ်'' ဟု ပြောသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေအ သင်း အတွင်း ရေးမှူး ဦးခင်မောင်အေး က '' မဆလ ခေတ်တုန်း ကတောင် ကုန်စည် ဈေးနှုန်း တွေကို တရားဝင် ထိန်းချုပ်ဖို့ တွေတောင် မလုပ်နိုင် ခဲ့တာ အခုလိုမျိုး အိမ်ခြံမြေ ဈေးနှုန်းကို တရားဝင် ပုံသေ သတ်မှတ်ဖို့ ဆိုတာက မဖြစ် နိုင်ဘူး။ ဒီလို ပုံသေဈေး သတ်မှတ် ဖို့က မဖြစ်နိုင်ဘူး။ နိုင်ငံ တကာ မြေပေါက်ဈေး တွေနဲ့ သူတို့ဆီက နည်းပညာတွေ ကိုလဲ လေ့လာမှ အဆင်ပြေ မယ်'' ဟု သုံးသပ် ပြောသည်။


သန်းနိုင်ဦး ၊ အောင်သူ (ဒေးဒရဲ)
From: Yangon Media Gruoup

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်