Thursday, August 15, 2013

လင်မယားချင်းစကားများစဉ် ခင်ပွန်းဖြစ်သူမှ ဇနီးသည်အားဓါတ်ဆီဖြင့်ပက် မီးရှို့

Posted by drmyochit Thursday, August 15, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၁၅

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မင်္ဂလာဒုံမြို့နယ်နေ ဒေါ်မြင့်မြင့်သည် နေအိမ်တွင် ရှိနေစဉ် မြေးဖြစ် သူ ရောက်ရှိလာပြီး ၎င်း၏ မိခင်နှင့် ဖခင်တို့ စကားများ ရန်ဖြစ်နေ၍ လိုက်ကြည့်ပေးရန် ခေါ်သဖြင့် ၎င်းတို့ နေထိင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပြန်လည်  နေရာ ချထားရေး ရပ်ကွက်ရှိ နေအိမ်သို့ လိုက်သွားခဲ့ပါသည်။

နေအိမ်သို့ ရောက်ရှိစဉ် သမီးဖြစ်သူ မ၀င်းဝင်းဆွေအား အိမ်နီးနားချင်းများမှ ဆေးလူးပေးနေသည်ကို တွေ့ ရ၍ မေးမြန်းခဲ့ရာ ခင်ပွန်းဖြစ်သူ သိန်းဝင်း (ခ) သံနိုင် (ဘ) ဦးခင်မောင်နှင့် စကားများစဉ် ခင်ပွန်း ဖြစ်သူမှ ဓါတ်ဆီနှင့် ပက်ကာ မီးရှို့ခဲ့၍ မျက်နှာ ၀ဲဘက်ခြမ်း ၊ ရင်ဘတ် ၊ လက်နှစ်ဖက်နှင့် ပေါင်နှစ်ဖက်တို့တွင် မီးလောင် ဒဏ်ရာများ ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ခဲ့ပါသည်။

ဒဏ်ရာရသူ မ၀င်းဝင်းဆွေအား မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ ကုသခဲ့ ရသဖြင့် သိန်းဝင်း (ခ) သံနိုင်အား အရေးယူ ပေးရန် ဒေါ်မြင့်မြင့်မှ တိုင်ကြားခဲ့၍ မင်္ဂလာဒုံ မြို့မ ရဲစခန်း (ပ)၅၀၉/၂၀၁၃၊ ပုးမ ၃၂၆ ဖြင့် အရေုးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

yangonpolice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်