Thursday, August 15, 2013

ဘင်္ဂါလီဘက်လိုက်လို့ ဆန္ဒပြခံရသည့် ကင်တားနား ၈၈ မျိုးဆက် ဦးမြအေးတို့နှင့် အထူးအဆင်ပြေ

Posted by drmyochit Thursday, August 15, 2013, under | No comments



ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အိုးဟေး ကင်တားနား(Thomas Ojae Quintana) သည် ယမန်နေ့ည ရှစ်နာရီ က ၈၈မျိုးဆက်ကျောင်းသားများ၏ ပွင့်လင့်လူ့အဖွဲ့အစည်း ရုံးသို့ သွားရောက်တွေ့ဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သူနဲ့တွေ့တဲ့အခါ မီဒီယာ လွတ်လပ်ခွင့်တွေ၊ အသင်းဖွဲ့ဥပဒေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ မီဒီယာဥပဒေတွေ အသင်းဖွဲ့ ဥပဒေတွေ ပြုစုတော့မယ်ဆိုရင် သဘောထားကြီးဖို့နဲ့ ကျယ်ပြန့်ဖို့လည်း လိုသလို လူ့အခွင့်အရေး ရှုထောင့်ကလည်း လေးလေးနက်နက် ထည့်သွင်း စဉ်းစားဖို့ လေးလေးနက်နက် လိုတယ် ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူကလည်းပဲ
လွှတ်တော် ထဲက လူတွေနဲ့ စကားပြောကြည့်တဲ့အခါ တခြားအဖွဲ့ အစည်းတွေနဲ့ တွေ့ရှိတဲ့အခါမှာ သူသိရှိရ တယ် သူ့အနေနဲ့လည်း အလေးထား ဆောင်ရွက်ပေးမယ်လို့လည်း ပြောသွားပါတယ်”ဟု ပွင့်လင်း လူ့အဖွဲ့ စည်း၏ လူ့အခွင့်အရေး တာဝန်ခံဖြစ်သူ ကိုပြုံးချိုကပြောကြား သည်။

ယင်းကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ကင်တာနားသည် မြန်မာနိုင်ငံသို့(၇)ကြိမ်မြောက် ပြန်လည် ရောက်ရှိ လာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်စဉ် ရခိုင်ပြည်သူများမှ ဆန္ဒပြခြင်း ခံခဲ့ရသည်။ ဆက်လက်၍ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့ကိုလည်း သွားရောက်မည်ဖြစ်ကြောင်း ဆက်လက် သိရသည်။


From : ..မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်