Thursday, August 15, 2013

မြန်မာအမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်၏ပြောကြားချက်အပေါ် သက်ဆိုင်သူနိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများ၏ တုံ့ပြန်ပြောကြားချက်များ

Posted by drmyochit Thursday, August 15, 2013, under | No comments



မြန်မာ အမျိုးသား ကွန်ဂရက် ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်၏ ပြောကြားချက် အပေါ် သက်ဆိုင်သူ နိုင်ငံရေး နယ်ပယ်မှ ထင်ရှားသူ များ၏ တုံ့ပြန် ပြောကြား ချက်များ........

ပြီးခဲ့သည့် ဇူလိုင်လအတွင်း အင်ပါယာနေ့စဉ်သတင်းစာကို ဦးဆောင်နေသူမြန်မာအမျိုးသား ကွန်ဂရက် ပါတီ ဥက္ကဋ္ဌ ဦးကောင်း မြင့်ထွဋ်က
မြန်မာ့ နိုင်ငံရေး နယ်ပယ် မှထင်ရှားသူများ၊နိုင်ငံတော်သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပတ်သက်၍ ဝေဖန်စကား ပြောကြားခဲ့ပြီး ယင်းသို့ ပြောကြားသော ဝေဖန် စကား များကို ရုံးမှ လစာ တောင်းသဖြင့် အလုပ်မှ ထုတ်ပယ် ခံရသူ ၀န်ထမ်း များက အသံ ဖမ်းယူ ထားရှိပြီး ယင်းအသံ ဖိုင်ပါ ဝေဖန်ချက်များ အရ ဝေဖန် ခံရသူ များ၌ ပါဝင်သူ အချို့က ဦးအောင်မြင့်ထွဋ်၏ ဝေဖန်ချက် အပေါ် ပြန်လည်ရှင်းလင်းပြော ကြားသည် များကို တင်ပြ လိုက် ပါသည်။

ဦးဝင်းတင် (၀ါရင့်နိုင်ငံရေးသမားကြီးနှင့် NLDနာယကကြီး)
ဒီလို ပြောတာတွေ၊ ဝေဖန် တာတွေက နိုင်ငံရေးနယ်ပယ်မှာ အလေ့အကျင့်လိုဖြစ်နေပြီ။ ပွင့် ပွင့်လင်းလင်း ပြောရရင်ကျွန်တော့် အနေနဲ့ နိုင်ငံရေး ဝေဖန်ချက် ကိုပဲ လေးလေးစားစား အလေး အနက် ထားပြီး လက်ခံတယ်။ အပြု သဘော ဆောင်တဲ့ နိုင်ငံရေး ဝေဖန် ချက် မဟုတ်ဘဲ နိုင်ငံရေး အခြေခံ ဘာမှမရှိဘဲ ပြောတာ လုံးဝ လက်မ ခံဘူး။ ဥပမာ အားဖြင့် ဝေဖန် ပြောကြားတဲ့ လူပုဂ်္ဂိုလ်က နိုင်ငံရေး နယ်ပယ်မှာ သြဇာတိက္ကမ ရှိတဲ့ လူ သော်လည်း ကောင်း၊ လူရိုသေ ရှင်ရှိသေ ပုဂ်္ဂိုလ် ဖြစ်နေရင် သော်လည်းကောင်း၊ ပြည်သူ လူထုက ကြည်ညို လေးစား လက်ခံတဲ့လူ ဖြစ်နေရင် သော်လည်းကောင်း ဒီလိုဆိုရင်တော့ စဉ်းစား ရမှာပေါ့ဗျာ။ ဒီလိုမျိုး မဟုတ်ဘဲ သိပ်ပြီးတော့ ဘာမှလည်းမဟုတ်၊ ပါတီ လေးထောင်ဖူးရုံ၊ ဟိုလူနဲ့ တွေ့ဖူး၊ ဒီလူနဲ့ တွေ့ဖူးရုံ၊ ဓာတ်ပုံလေးရိုက် ဖူးရုံနဲ့ သူရဲ့ အပြောအဆိုက ခိုင် မာမှုမ ရှိဘူး။ ခိုင်မာမှု အနေနဲ့ မီဒီ ယာမှာပါဝင်ပြီး တကယ့်ကိုတိကျ ခိုင်မာစွာသူရဲ့အတွေးအခေါ်နဲ့ စကား တွေ၊ နိုင်ငံရေးယူဆချက် တွေရှိသလား။ ဒါမှအသိအမှတ် ပြုလို့ရမယ်။ ဒီလို ပုဂ်္ဂိုလ် တွေရဲ့ စကားကို အမှန် ဆိုပြီး ယူဆလို့ မရဘူး။ နိုင်ငံရေး ဝေဖန်တာ မဟုတ်တဲ့ အပုပ် ချမှု တွေနဲ့ ပတ်သက်ပြီးတော့ သာမန် အားဖြင့် ချေပတာ လည်း မလုပ်ချင်ဘူး။ လုပ်စရာလို တယ်လို့ လည်း မယူဆဘူး။ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အကဲဖြတ်အသိ အမှတ်ပြု တာ ကတော့ ပြောတဲ့ သူ၊ ဝေဖန်တဲ့သူက တကယ့်ကို နိုင်ငံရေးသိက္ခာရှိတဲ့ ပုဂ်္ဂိုလ် လား။ သူရဲ့နိုင်ငံရေး အယူ အဆ သုံးသပ် ချက်တွေ ဟာလည်း တရားဝင် စာအုပ်စာတမ်းနဲ့ ရှိသလား။ ဒါကို ကြည့်မယ်။ ထူးထူးခြားခြား မဝေဖန် လိုပါဘူး။

ဦးသုဝေ (ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)

သူ့လို ပုဂ်္ဂိုလ်မျိုးရဲ့ အပုပ်ချ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ပြန် ပြောစရာတော့ ဘာအကြောင်းမှ မရှိဘူး။ ပြန်ဖြေရှင်း စရာလည်း ဘာအကြောင်းမှ မရှိဘူး။ ဒါပေမဲ့ သူ့ပြောစကားထဲမှာ လွဲေ နတာ တွေကိုတော့ ရှင်းပြ ချင်တယ်။ ကျွန်တော်တို့ပါတီမထောင်ခင် ၂၀၁၀ မတိုင်ခင်က ဦးရဲထွန်းဆို တဲ့ ပုဂ်္ဂိုလ်က ကောင်းမြင့်ထွဋ်ရဲ့ ဆရာ။ ကနေဒါက ဦးကျော်မြင့် ဆိုသူက ဒီမှာ ပါတီ ထောင်ချင် တယ်ဆိုပြီး ဆန္ဒရှိတဲ့ အခါ ဦးရဲထွန်း ကနေ တစ်ဆင့် ချိတ်မိပြီး ကျွန်တော့်ကို ရှာတာက စတာ။ အဲဒီလို ပါတီ ထောင်ဖို့ ကိစ္စဆွေးနွေးရာကနေ ကောင်းမြင့်ထွဋ်နဲ့ စသိတာ။ ဒီလို ကိစ္စ တွေကို ကောင်းမြင့်ထွဋ်က ဘာမှသိတာ မဟုတ်ဘူး။ သူ့ ဆရာဦးရဲထွန်း ကိုယ်တိုင် ကလည်း သူ့ကိုဘာမှ အသိပေးတာမဟုတ်ဘဲ ဦးသုဝေကို ရှာဖို့ဆိုပြီးပဲ တာဝန် ပေးတာ။ နောက်ကျတော့ သူ့ ဆရာဦးရဲထွန်းက ပါတီလုပ်တဲ့ အခါ သူလည်းပါချင်တယ်ဆိုပြီး ဆွေးနွေး တယ်။ ပါတီထောင်ဖို့ ဆွေးနွေး တဲ့အခါကျတော့ ဦးရဲထွန်းနဲ့အတူ သူရဲ့လူတွေဖြစ်တဲ့ ကောင်းမြင့် ထွဋ်၊ ဦးရန်ကျော်၊ ဦးဘတင့်ဆွေ တို့ပါလာတာ။ ပြောရရင် ဦးရဲ ထွန်းကို အကြောင်း ပြုပြီး ပါလာတာ ပေါ့။ ကိုရန်ကျော်နဲ့ ကိုဘတင့် ဆွ ဆိုတာ ၁၉၉၀ ရွေးကောက် ပွဲက တည်းက သိကျွမ်းရင်းနှီးခဲ့သူတွေ ပါ။ ပါတီဖွဲ့တဲ့ အခါ ကျတော့ ဦးရဲ ထွန်း အကြောင်း ပြုပြီး ပါလာတဲ့ ကောင်းမြင့်ထွဋ်ကို ကျွန်တော့် အနေနဲ့ တက်ကြွတဲ့ လူငယ်တစ်ဦး လည်းဖြစ်၊ နည်းပညာလည်း ကျွမ်းကျင်တဲ့ အတွက်ဆိုပြီး အလုပ်အမှု ဆောင်ထဲ ထည့်တယ်။ ဒီလိုထည့် တာကို ကောင်းမြင့်ထွဋ်ရဲ့ ဆရာ ဦးရဲထွန်း ကိုယ်တိုင်က သဘော မကျဘူး။ အမှုဆောင်ထဲ ပါလာ တာကို သူ့ဆရာ ဦးရဲထွန်းရဲ့ သဘော ကတော့ အဖွဲ့ဝင် အနေနဲ့ပဲ ကောင်းမြင့်ထွဋ်ကို လက်ခံ ပေါ့နော်။ ဒါကိုကျွန်တော်က ဖျောင်းဖျပြီး အမှုဆောင်ထဲ ထည့်တယ်။ နောက်သူ့ကို ဆုံးမ သွန်သင်သွား မယ်ဆိုတဲ့ သဘောနဲ့ ပေါ့ဗျာ။ ဒါ ကို ဦးရဲထွန်းက မတန်ဘူး။ ကောင်းမြင့် ထွဋ်ဆိုတာ သူခိုင်းနေတဲ့သူ၊ နိုင်ငံ ရေးရော ငွေရေးကြေး ရေးရော စိတ်မချရဘူးလို့ပြောခဲ့ တာ။ ဒါကို ကျွန်တော်က ဆွဲခေါ်ခဲ့တာ။နောက် အမှုဆောင်ထဲ ထည့်ထား လိုက်တယ်။ ပြဿနာ စဖြစ် တာက ပါတီမထောင်ခင် အစည်းအဝေး တစ်ခုမှာ ကောင်းမြင့်ထွဋ်က ဗီဒီယို မှတ်တမ်း ရိုက်ဖို့ တာဝန် ယူတယ်။ အဲဒီမှာ မှတ်တမ်း ရိုက်တဲ့ လူတွေကလည်း ထောက်လှမ်း ရေးတွေ လို့ သိရတယ်။ အစည်း အဝေးလည်းပြီး ရော ကောင်းမြင့် ထွဋ်က ဒီမှတ်တမ်း ဗီဒီယို တွေကို မပေးဘဲ ယူထား လိုက်တယ်။ လုံးဝ မပေးတော့ ဘူး။ ဒါနဲ့ ပါတီက သူ့ကို မကြိုက်လို့ ထုတ် လိုက်တာ။ နောက်သူပြောတဲ့ ထဲမှာ ကျွန်တော် က မွေးသက္ကရာဇ်ကို ပြုစားခံရ မှာစိုးလို့ ပြောင်းထားတယ် ဆိုတာကို ပြောချင်တယ်။ ကျွန်တော့်ငယ် နာမည်က မောင်စိန်ညွန့်။ မွေးတာ က ၁၉၃၂ အောက်တိုဘာ ၃၁မှာ မွေးတာ။ ကျောင်းရောက်တော့ သင်္ချာဆရာက အောက် တိုဘာ ၁၀လပိုင်းကို ၁၂ဆိုပြီး ရေးလိုက် ရာကနေဖြစ်သွားတယ်။ ပြုစား မယ်ဆို လည်း ကျွန်တော့်ကို သင်္ချာဆရာကပဲ ပြုစားမှာပေါ့ ဗျာ။ ပြီးတော့ ကျွန်တော်ရေးတဲ့ စာအုပ် တစ်အုပ် ဦးနု၊ ဦးကျော် ငြိမ်းတို့အကြောင်းပေါ့နော်။ ဒါကို အကြမ်းရိုက်နေတုန်းမှာ ကောင်း မြင့်ထွဋ်က ကြည့်ပြီး ဒီလူတွေ တိုင်းပြည်အတွက် ဘာမှအကျိုး မပြုဘဲ ရန်ပဲထိုင် ဖြစ်နေတယ် ဆို ပြီးပြော၊ဒီလူတွေက ဘာမှအထင် ကြီးစရာမလိုဘူးလို့တောင်ပြောခဲ့ တာ။ ကျွန်တော် လိုလူ မျိုးလောက် တော့ သူပြောတာ မဆန်းပါဘူးဗျာ။

ဦးခင်မောင်ဆွေ (NDF ပါတီခေါင်းဆောင်)

ဒီလိုပြော တာနဲ့ပတ်သက်ပြီး ကြားရတာတော့ စိတ်မကောင်း ဖြစ်မိတယ်ဗျာ။ ကျွန်တော်က သူ့ ကို ကိုကောင်း လို့ခေါ်တာဗျ။ သူ ပြောတာတွေကိုတော့ မရှင်းချင် ဘူး။ ရှင်းလို့ အမှန်တွေ ပေါ်သွားရင်လည်း သူပဲ အရှက်ရမှာ။ ပါတီ ဖွဲ့တာကသူနဲ့မဆိုင်ဘူး။ NLD က ၁၉ဦးနဲ့အပြင်က ပုဂ်္ဂိုလ် တွေ ပေါင်းပြီး ဖွဲ့ဖြစ်ကြတာ။ အဲဒီတုန်း ကတောင် သူကပါတီနာမည်ကို လက်ရှိ သူ့ပါတီ နာမည် အမျိုးသား ကွန်ဂရက်ပါတီ ဆိုပြီးတော့ နာမည် ပေးဖို့တောင် ပြောခဲ့ သေးတယ်။ သူလုပ်ပေးလို့ NDF ဆိုတာဖြစ် လာတာဆိုတာ သမိုင်းမှာ အထောက် အထား အပြည့် ရှိတယ်။ နှစ်ပေါင်းများစွာ ထောင်တန်း အကျခံပြီး လုပ်လာတဲ့ သူတွေ နိုင်ငံရေး အစဉ် အလာ ရှိရှိ လုပ်လာ ခဲ့သူတွေပဲလေ။ သူလုပ်ပေးလို့ရ လား မရလား၊ NDF ဖြစ်လာ သလား ဆိုတာ ပြည်သူတွေ အကုန် သိပါတယ်။ ပြောတဲ့ အထဲမှာ သောက်သုံးမကျဘူးဆိုတဲ့ အသုံး အနှုန်း မျိုးတော့ မသုံးသင့်ဘူးပေါ့ ဗျာ။ နိုင်ငံရေးလုပ်မယ့်လူတွေ အနေနဲ့ လိုက်ရမ်းတာဘယ် ကောင်းပါ့ မလဲ။ ဒီလိုရမ်းတာတွေ ဘယ်နိုင်ငံတွေမှာမှလည်း မရှိပါ ဘူးဗျာ။ ခုဟာက သူ့ကိုယ်သူ မမြှင့်တင်ဘဲသူများကိုအကြောင်း မဲ့ပုတ်ခတ်တဲ့အခါကျတော့ နား ထောင်ရတဲ့ သူတွေရဲ့ ကြားမှာ သူ့ အပေါ် နိုင်ငံရေးဝန်လေးသွားမှာ ပေါ့ဗျာ။ ကျွန်တော်ကတော့ သူ ကိုဒီလို မဖြစ် စေချင်ဘူး။ သူမှာ နိုင်ငံရေးဆက်လုပ်မယ်ဆိုတဲ့ ရည် ရွယ်ချက်ရှိနေရင်ပဲ ဒီလိုပြော ဆို တာတွေလုံးဝမလုပ်သင့်ဘူး။ အန် ကယ်တို့လည်း ၂၀၁၅ မှာနိုင်ငံ ရေး ရာထူးကို မက်ပြီး နိုင်ငံရေးလုပ် နေတာမဟုတ်ဘူး။ ရာထူးတွေ မှန်းပြီး ကိုယ်လည်းနိုင်ငံရေးမလုပ် ဘူး။ သူများ တွေကိုလည်း အဲဒီလို မလုပ်စေချင်ဘူး။ ဒီမိုကရေစီ အင်အားစုတွေ ညီညွတ်မှရမှာဗျ။ ၈၈တုန်း ကလည်း ဒီမိုကရေစီ အရေးတောင်းဆိုမှုဟာ တစ်ပြည်လုံး အတိုင်း အတာနဲ့ ဖြစ်ခဲ့သော်လည်း ဒီမိုကရေစီ အင်အားစုတွေ ညီညီညွတ်ညွတ် မရှိခဲ့တဲ့ အတွက် ဒီမိုကရေစီ အုပ်ချုပ်ရေး တစ်ခုဖြစ် မလာခဲ့ဘူးလေ။ ဒါသမိုင်းရဲ့ သာဓကပဲ။ နိုင်ငံရေးဦးဆောင် မယ့်လူငယ်တွေအနေနဲ့ သိက္ခာရှိ ရှိနဲ့ မှန်ကန်တဲ့ နိုင်ငံရေးလမ်း ကြောင်း ကသွားစေချင်တယ်။ ကိုကောင်း အနေနဲ့ ကျွန်တော်နဲ့လည်း ဒီလောက်ရင်းနှီးပါလျက်နဲ့ ဒီလို ဘာလို့ပြောသလဲ စဉ်းစား လို့ မရဘူး။ ကျွန်တော်တို့က မကြာခင် နိုင်ငံ ရေးဇာတ်ခုံပေါ်ကနေ ကွယ် ပျောက်သွား ရတော့မှာ။ လူငယ် နိုင်ငံရေးသမားတွေခုလိုရှိနေတာ၊ ဦးဆောင်နေတာကို အများကြီး ၀မ်းသာတယ်။ သူတို့အနေနဲ့ သန့် ရှင်းတဲ့၊ အပုပ်ချ တိုက်ခိုက်ခြင်း မရှိတဲ့ စိတ်မျိုးနဲ့ မြန်မာ နိုင်ငံသား တွေအတွက် ရည်ရွယ်ချက် ကောင်းကောင်းနဲ့ သွားမယ်ဆိုရင် ကျွန်တော်တို့က ကြိုဆို မှာပါ။ မထင်မှတ်ဘဲ သူရဲ့ဝေဖန်တာကို သိရတော့ အံ့လည်းအံ့သြတယ်။ စိတ်လည်း မကောင်း ဘူး။ ၈၈ တုန်းကကိစ္စ ဆိုရင် ကျွန်တော်က ရေနံသမဂ္ဂ အတွင်းရေးမှူးပါ။ ၂၄ ရက်နေ့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ပြီး ရေနံသမဂ္ဂကို ဖျက်သိမ်းပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကမ်းလှမ်းချက်အရ မကွေးတိုင်း စည်းရုံးရေးတာဝန်ခံ ကနေစခဲ့ တာပါ။ ၁၉၈၈ စက် တင်ဘာလ ၂၂ ရက်နေ့မှာ ဒေါ်အောင်ဆန်း စုကြည်အိမ်မှာ ကျွန်တော်တို့ဆွေး နွေးပါတယ်။ ရေနံ သမဂ္ဂက နေပြီး တော့ သူ ထောင်တဲ့ပါတီမှာ မကွေးတိုင်း စည်းရုံးရေးတာဝန်ခံ လုပ်ပေး ပါဆို ပြီး ကမ်းလှမ်းတယ်။ ကျွန်တော် တို့က ရေနံသမဂ္ဂကိုဖျက် သိမ်းပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကမ်း လှမ်းချက်အရ ပါတီနိုင်ငံရေး ဘက်ကို ပြောင်းခဲ့တာပါ။ ရေနံ သမဂ္ဂ ဖျက်သိမ်းပြီး နောက်လည်း ကျွန်တော့်ကို စစ်ဆေးတာတွေ လုပ်ခဲ့သေးပါတယ်။ ကျွန်တော်ရဲ့ Personal File ကိုစစ်တာပါ။ ခိုး ထားသလား။ ၀ှက်ထားသလား။ စစ်ဆေးမှုတွေရှိပါတယ်။ ဘာပြစ် ဒဏ်မှလည်းမရှိခဲ့ပါဘူး။ ဘာမှ မယူဘဲ အနစ်နာခံလုပ်ခဲ့တာပါ။ SB ကလည်း သေသေချာချာ စစ်ခဲ့တာပါ။ သူခိုးကြီးများသမဂ္ဂ ဆိုတာ သူဘာကိုရည်ရွယ်ပြော သလဲဆို တာတော့ ကျွန်တော် မသိပါဘူး။ အလုပ်ထဲမှာ ခိုးဝှက် ရအောင်လည်း ခိုးဝှက်နိုင်တဲ့ အနေ အထားလည်း မရှိပါဘူး။ ရေနံစင်ပေါ်မှာ ဘာခိုးလို့ရမှာလဲ။ မြေကြီးတွေပေါ်မှာပဲ စင်တွေ ပေါ်မှာပဲ အလုပ်လုပ်ကြရတာပါ။ အမှန် တရားဆိုတာ ဖုံးကွယ်ထား လို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ်္ဂိုလ်မျိုး တိုက်ခိုက်ခံရ တာကတော့ အပင်မြင့်လို့ လေ တိုက်ခံရတာလေ။ ကျွန်တော်က တော့ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်လည်းအံ့သြတယ်။ ကျွန်တော် တကယ် ကိုလည်း စိတ် မကောင်းဘူး။ နောက်ဆုံးပြော ချင်တာကတော့ လူငယ် နိုင်ငံရေး သမား တစ်ယောက် အနေနဲ့ ဖဆ ပလ ခေတ်ကလို အပုပ်ချ နိုင်ငံရေး ကို မလုပ်စေချင်ပါဘူး။ ဟိုလူကို တိုက်၊ ဒီလူကိုတိုက်ပြီးမှ နိုင်ငံရေး ကိုယ်ရည်သွေးတာ ခေတ်ဟောင်း နိုင်ငံရေး အတွေး အခေါ် ထဲမှာပဲ ကျန်ခဲ့ပါပြီဗျာ။



ခန့်ခန့်(ဒဿနိက)
hotnews

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်