ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသို့ပြန်မည့် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ် . . . . .
သြဂုတ် ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ပထွက်ခွာသည့် ခရီးသည်များနှင့် အိတ်များကို Main X-ray စက်ဖြင့် စစ်ဆေးရှာဖွေနေစဉ် အမ်အေအိုင် လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ လိုက်ပါစီးနင်းမည့် ခရီးသည် တစ်ဦးဖြစ်သူ Ms.Gomes Suraphanapa (၂၃) နှစ် ကိုင်ဆောင်သော လက်ဆွဲပစ္စည်းအ၀ါနှင့် အနီကြား စိန်ဂေဟာတံဆိပ်ပါ ဈေးဝယ်အိတ်အတွင်း ထိုင်းစာတန်းပါ ကြွတ်ကြွတ်အိတ် အဖြူရောင်ထဲတွင် PMC.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ AP. 04.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ Winchester.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ WW.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ RP.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ S&B. 38 Special ကြေးထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ Winchester.38 SPL ခဲထိပ်ဖူးထိ ဖြတ်ထားသည့် စတီးကျည်ဆန် တစ်တောင့်၊ R.P 45 Auto ကြေးထိပ်ဖူးပါ ကြေးကျည်ခွံ နှစ်တောင့်၊ စုစုပေါင်း ကျည်ကိုးတောင့်တို့အား စစ်ဆေးတွေ့ရှိခဲ့၍ ၎င်းထံမှ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
"ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ်" ဟု သြဂုတ် ၁၄ ရက် နံနက်ပိုင်းက မင်္ဂလာဒုံ မြို့မရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးအောင်သိမ်းဝင်းက ပြောကြားသည်။
ထိုသို့ လက်နက်ခဲယမ်းများ တရားမ၀င် လက်ဝယ်တွေ့ရှိသူ Ms.Gomes Suraphanapa အား မင်္ဂလာဒုံ ရဲစခန်းက (ပ)၅၀၅/၁၃ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်ပြီး ၎င်းအားဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
From: Eleven
Thursday, August 15, 2013
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိ
Posted by drmyochit
Thursday, August 15, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment