Thursday, August 15, 2013

အုပ်စုဖွဲ့သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုတရုတ်တွင် ဖြစ်ပွား

Posted by drmyochit Thursday, August 15, 2013, under | No comments



ပိုးသတ်ဆေးသောက်ကာ လူ ၁ဝဦးထက်မနည်း မိမိကိုယ် မိမိသေကြောင်းကြံစည်ရန် ကြိုး ပမ်းမှု ပေကျင်း တွင်ဖြစ်ပွားခဲ့ ကြောင်း ဩဂုတ် ၁၄ရက်မီဒီ ယာသတင်းအရ သိရသည်။ အ ဆိုပါလူအုပ်စုထဲမှ တချို့သည် ''ဟာဘင် ရထားသံလမ်း အစိုးရ ဌာန'' ဟူသောစာတန်းများရေး သားထားသည့် တီရှပ်များဝတ် ဆင် ထားကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ရထားသံ လမ်းရေးရာဝန်ကြီးဌာနကို မတ် လက ဖျက်သိမ်းခဲ့ပြီး အလုပ်များ ပြတ်တောင်း သွားမည်ကို စိုးရိမ် နေကြသည်။ တရုတ်နိုင်ငံအရှေ့ မြောက်ဘက်ရှီဟာဘင်ပြည် နယ်တွင် ၁၉၉ဝပြည့် နှစ်နှောင်း ပိုင်းမှစပြီး နိုင်ငံပိုင်စက်ရုံပြန် လည်ဖွဲ့မှုကြောင့် အလုပ်လက်မဲ့ ပြဿနာများ ရင်ဆိုင်နေခဲ့ရ သည်။ အဆိုပါအုပ်စုဖွဲ့အဆိပ် သောက်သေကြောင်းကြံစည်မှု သည် ပေကျင်းအနောက်ဘက် ရထား ဘူတာ အနီး ရှိလမ်းမတွင် ဖြစ်ပွားခဲ့ပြီး ရဲများနှင့်အရေး ပေါ်လူနာတင်ယာဉ်များက ၎င်း တို့ကို ဆေးရုံ သို့ခေါ်ဆောင်သွား ကြောင်း သိရသည်။

အဆိပ်သောက်သူများတွင် သေဆုံးသူရှိမရှိကို မဖော်ပြခဲ့ဟု သိရသည်။ အဆိုပါအုပ်စုတွင် ပါဝင်သူများ ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောခဲ့သည်။ တရုတ်နိုင်ငံသည် သေကြောင်း ကြံစည်မှုအများဆုံးနိုင်ငံတစ်ခု ဖြစ်သည်။



ပေကျင်း၊သြဂုတ်(၁၄)
Ref: AFP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်