Saturday, August 10, 2013

မိန်းမကိစ္စပျော်ပါးရန် ခေါ်ခိုင်းရာမှ ဓါးခုတ်မှုဖြစ်

Posted by drmyochit Saturday, August 10, 2013, under | No comments


ရန်ကုန်၊ သြဂုတ် ၉

၈.၈.၂၀၁၃ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်၊ဘလုတ်ညွှန့်ရပ်ကွက်နေေ ဒ်ါမြင့်သန်း သည် နေအိမ်တွင် ရှိနေ စဉ် သားဖြစ်သူ သိန်းကျော်ဦးမှာ ၇.၈.၂၀၁၃ ရက်နေ့ ညက ဓါးခုတ်ခံရ၍ ရန်ကုန်ဆေးရုံကြီးတွင်
ရောက်ရှိဆေးကုသနေကြောင်းသိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ သားဖြစ်သူ တွင် ဦးခေါင်း အလယ် တည့်တည့်၌ ပြတ်ရှသွေးထွက် ဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သားဖြစ်သူအားမေးမြန်းရာ ၇.၈.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် သာဓု အနောက် ရပ်ကွက်၊ ကမ်းနားလမ်းရှိ သူငယ်ချင်းဖြစ်သူ၏ဆိုက္ကားပေါ်တွင်ထိုင်နေစဉ် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်း တန်း ရပ်ကွက်နေ ဇော်ထွဋ် (ဘ)ဦးဝင်းလှိုင်၊ လှဝင်းမောင် (စုံစမ်းဆဲ)၊ မျိုးလွင်ဦး(စုံစမ်းဆဲ)တို့ (၃)ဦးရောက်ရှိလာပြီး မိန်းမကိစ္စပျော်ပါးရန်ခေါ်ခိုင်းရာ သားဖြစ်သူမှ ပြည့်တန် ဆာခေါင်း မဟုတ်ကြောင် ပြန်ပြော သည်နှင့်ပတ်သက်၍ စကားများခဲ့ကြကြောင်း၊ ထိုသို့စကား များစဉ် ဇော်ထွဋ်မှ ထီးထဲ၌ ၀ှက်၍ ယူလာသည့် ဓါးရှည်ဖြင့်ခုတ်ခဲ့သဖြင့် ဦးခေါင်းတွင်ဒဏ်ရာရရှိခဲ့ခြင်း
ဖြစ်ကြောင်း သိရှိခဲ့ပါသည်။

ထိုသို့သားဖြစ်သူကို ဒဏ်ရာရရှိအောင်ပြုလုပ်သူ ဇော်ထွဋ်ပါ(၃)ဦးအား အရေးယူပေးပါရန် ဒေါ်မြင့် သန်းမှ တိုင်တန်းခဲ့ သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၅၇၂/၂၀၁၃၊ ပုဒ်မ ၃၂၆/၁၁၄ ဖြင့်
အမှု ဖွင့် လှစ်ပြီး တရားခံဇော်ထွဋ်အား ဖမ်းဆီးရမိစစ်ဆေးလျက်ရှိကာ ကျန်တရားခံများအား ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်