Saturday, August 10, 2013

သတိပေးအမှာစကား

Posted by drmyochit Saturday, August 10, 2013, under | No comments


ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရှိတဲ့ ကျွန်တော် တို့ရဲ့ မိုင်းယောင်း ဒေသ လေးဟာ ဗကပ ချုပ်ငြိမ်း သွားတဲ့ အချိန်က စပြီး ဖွံ့ဖြိုး တိုးတက် မှုတွေ ရှိလာတာ ဒေသခံတွေ အသိဆုံးပါ။ NDAA (မိုင်းလား)အဖွဲ့က ငြိမ်းချမ်းရေး ယူပြီး သူတို့ နယ်မြေမှာ မူးယစ် ကင်းစင် တဲ့ ဒေသ အဖြစ် ကြေညာလို့ အစိုးရနှင့် ပေါင်းကာ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်လာတော့ ကျွန်တော်တို့ နယ်မြေ အရှိန် အဟုန်နဲ့ ပိုပြီး တိုးတက် လာခဲ့ ပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး လုပ်ငန်းများ တိုးတက် လာသည်နှင့် အမျှ ဒေသခံတို့ရဲ့ စီးပွားရေး ဟာလည်း ချောင်လည် လာခဲ့ ကြပါတယ်။ နယ်မြေ အေးချမ်းဖို့ ဆိုတာ အဓိက သက်သေပဲ မဟုတ် ပါလား။

ဒါပေမယ့် ဒီနယ်မြေမှာ ငြိမ်းချမ်းရေး ယူထားတဲ့ '' ဝ ''အဖွဲ့၊ ''RCSS/SSA (ယွက်ဆစ်)''အဖွဲ့၊ ''NDAA (မိုင်းလား)''အဖွဲ့ဆိုပြီး အဓိက ၃ ဖွဲ့ ထိစပ် နေကြပြီး ဒီအဖွဲ့ တွေရဲ့ ဆောင်ရွက် ချက်တွေက ဒေသအပေါ် အများကြီး ရိုက်ခတ်မှု ရှိနေပါတယ်။ ဒီ အဖွဲ့တွေဟာ တစ်ကယ် ဆိုရင် သတ်မှတ် ထားတဲ့ နေရာ တွေမှာသာ နေပြီး ဒေသ အကျိုး ဆောင်ရွက် ကြရမှာ ဖြစ်ပေမယ့် စီးပွားရေး အဆင်ပြေမဲ့ နေရာ၊ အခွန်ကောက်လို့ ရမဲ့ နေရာစတဲ့ အရေးပါတဲ့ နေရာ တွေကို နယ်မြေ ချဲ့ခြင်း၊ လူသစ် စုဆောင်းခြင်း လုပ်နေ ကြတယ်။ ဒီ ကိစ္စတွေ ကြောင့်ပဲ  အစိုးရ စစ်တပ်နှင့် ပစ်လိုက် ခတ်လိုက် ပြန်စေ့စပ်လိုက် ခဏခဏ မဟုတ်ပါလား။ ပိုဆိုး RCSS/SSA (ယွက်ဆစ်) အဖွဲ့တွေ အခု မိုင်းလား၊ မိုင်းယောင်း နယ်မြေထဲ အထိ စိမ့်ဝင် လာပြီး အတင်း အဓမ္မ ဖမ်းဆီး လူသစ် စုခြင်းနဲ့ အနိုင် အထက် ပြုခြင်း၊ ဥပဒေမဲ့ လုပ်ခြင်းတွေ လုပ်လာတာ ပါပဲ။ ဇူလိုင်လ ၂၄ ရက်နေ့မှာ RCSS/SSA (ယွက်ဆစ်) တပ်ဖွဲ့ဝင်တွေ ဝမ်တပ် ကျေးရွာ အုပ်စုက ဒေသခံ ၅၉ ဦးကို လူသစ် အဖြစ် အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားတယ်။ ဒီ သတင်းကို ကြားတာနဲ့ မိုင်းလား အဖွဲ့တွေ လူစုပြီး လိုက်သွားကြတယ်။ ဇူလိုင်လ ၂၆ ရက်နေ့က မိုင်းလား အဖွဲ့နှင့် အပြင်း အထန် တိုက်ခိုက် ကြပြီး အဖမ်း ခံရတဲ့ သူတွေကို ပြန် ကယ်နိုင်ရုံ RCSS/SSA (ယွက်ဆစ်)တပ်ဖွဲ့သား တွေကိုလည်း ဖမ်းဆီး နိုင်ခဲ့တယ်။

ဇူလိုင်လ ၃၁ ရက် နေ့မှာတော့ RCSS/SSA (ယွက်ဆစ်) အဖွဲ့ လူသစ် အဖြစ် ဖမ်းဆီး သွားတဲ့ ၅၉ ဦးရယ်၊ မနှစ် ကတည်းက ဖမ်းသွားတဲ့ ၄ ဦးရယ် အားလုံးပေါင်း ဒေသခံ ၆၃ ဦးကို မိုင်းလား အဖွဲ့ တွေက ဒေသမှာ ရှိတဲ့ အစိုးရ စစ်တပ် ကနေ တစ်ဆင့် တာဝန် ရှိသူ တွေကို ပြန်လည် လွှဲပြောင်း ပေးခဲ့တယ် တဲ့လေ။ ဒါအပြင် မိုင်းလား အဖွဲ့က ပြောတာက ဒေသခံ တွေရဲ့ အသက် အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ဖို့ အခုလို နယ်မြေချဲ့ အနိုင်ကျင့် လာတဲ့ RCSS/SSA (ယွက်ဆစ်) အဖွဲ့တွေကို စောင့်ကြည့်ပြီး ထပ်မံ ဖြစ်လာ ပါကလည်း ပြည်သူနဲ့ ပေါင်းကာ ပြတ်ပြတ် သားသား ချေမှုန်း သွားမယ်။ လိုအပ်ရင် အစိုးရ စစ်တပ်နဲ့ပါ ပေါင်းပြီး ဆောင်ရွက်မယ်လို့ သတိပေးစကား ပြောကြား ထားကြောင်း ကြားသိရတဲ့ အတွက် ဒေသခံတွေ အဖို့ ကျေနပ် ကြသော်လည်း နယ်မြေ အေးချမ်းမှု  မရှိမှာကိုတော့ စိုးရိမ်လျှက် ရှိတာကြောင့် ကိုယ့်နေရာကို နေပြီး ကိုယ့်အ လုပ်ကို လုပ်ကြ စေလိုကြောင်း အားလုံး ကိုယ်စား မေတ္တာ ရှေ့ထားပြီး သတင်း ပါးလိုက်ရ ပါတယ်။

အိုက်ကျောက်တစ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်