Saturday, August 10, 2013

မီဒီယာနဲ့ဆက်ဆံလို့ အလုပ်ဖြုတ်ခံရပါတယ်ခင်ဗျာ

Posted by drmyochit Saturday, August 10, 2013, under | No comments



နေပြည်တော်၊ ပျဉ်းမနား မ.ထ.သ(မြို့တွင်း)ရုံးရှိကော်မတီ ၀င်လူကြီးများ၏ မလျော်ကန်မှု များကို (၂၀-၁၂-၂၀၁၂)ရက်စွဲဖြင့် ဌာနသို့လိပ်မူပြီး တိုင်ကြားခဲ့ပါ သည်။ ထိုသို့ တိုင်ကြားမှုကို (၄-၁-၂၀၁၃) ရက်ထုတ် Hot News စာစောင်တွင် ရေးသားဖော်ပြခဲ့ သည်။

ထိုတိုင်ကြားမှုကို (၂၄-၁-၂၀၁၃)ရက်တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့မှ စစ်ဆေး မေးမြန်း ခဲ့ပါသည်။ (၂၅-၁-၂၀၁၃) ရက်နေ့တွင် ကော်မတီဝင်လူကြီးများမှကျွန်တော် တို့ (၃)ဦးကို စစ်ဆေးဆဲကာလမို့ ဆိုပြီး (၂၅-၁-၂၀၁၃) ရက်နေ့မှ စ၍ အလုပ်မှ ခေတ္တရပ်နားထား ပါသည်။ တိုင်ကြား မှုကို စစ်ဆေး သောအဖွဲ့မှ ““အဖြေ”” တစ်ခု မလာမချင်း အလုပ်ပြန်မဆင်းရ ဘူးဟု ကော်မတီ ၀င်လူကြီး များမှ ပြောကြားခဲ့ပါသည်။ ယခုအချိန် ထိ (၂၄-၁-၂၀၁၃) ရက်နေ့ ကစစ်ဆေးခဲ့သော စစ်ဆေး ချက် ““အဖြေ””လည်း ပွင့်လင်းမြင်သာစွာ ထွက်ပေါ်လာခြင်း မရှိခဲ့သေးပါ။

ကော်မတီဝင်များမှ (၃၁-၁-၂၀၁၃) ရက်နေ့မှစ၍ ကျွန်တော် တို့ (၃)ဦးကို “အလုပ်မှ အပြီးတိုင် ထုတ် ပယ်”လိုက်ပြီဟု ထပ်မံပြော ကြားခဲ့ပါသည်။ ကျွန်တော်တို့ (၃) ဦးမှာ “အပြစ်မရှိဘဲ အလုပ်မှ ထုတ်ပယ် ခံခဲ့ ရပါတယ်။ကော်မတီ ၀င်များ၏ မလျော်မကန်ပြုနေမှု များကို တိုင်ကြားခြင်းကြောင့် ၀န်ထမ်း ငယ်များ အပေါ် ကော်မ တီ ၀င်များအနေနှင့် “လုပ်ချင်သလို လုပ်လို့ရတယ်၊ ဖြုတ်ချင်သလို ဖြုတ်လို့ရတယ်” ဆိုတဲ့ သဘောပြု လုပ်ခံခဲ့ရပါတယ်။

(၈-၂-၂၀၁၃) ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ ကျွန်တော်တို့ (၃)ဦးကိုမ.ထ.သ (မြို့တွင်း) ရုံး၌ အလုပ်တာဝန်ပြန် လည်ထမ်းဆောင်စေရန်ကော်မတီ ၀င်များကို ညွှန်ကြားခဲ့ပါသည်။ ကော်မ တီဝင်(၂)မှ ကျွန်တော်တို့ (၃)ဦးကို အလုပ်ပြန်လည်ထမ်း ဆောင်ရန်အတွက် နောင်ကို “ထပ်မံ၍ မတိုင်တော့ ပါဘူး၊ သတင်းမီဒီယာများနှင့် အဆက် အသွယ် မပြုလုပ်တော့ပါဘူး” ဟု ဆိုကာ သိရှိကြောင်း ကို ခံဝန် ကတိပြုလက်မှတ်ရေးထိုးပြီးမှ အလုပ်ကို ပြန်ဆင်းခွင့်ပြုမည်ဟု အမိန့်ပေးပါသည်။ ကျွန်တော်တို့ (၃)ဦးမှာ ကော်မတီဝင် (၂)၏ အမိန့်ပေးလက်မှတ်ထိုးခိုင်းခြင်းကို မလိုက်နာခဲ့ပါ။

 ကော်မတီဝင် (၂) မှ သိရှိကြောင်း လက်မှတ်မထိုးပါ က အလုပ်ပြန်လည်မဆင်းရသေး ဘူးဟု ပြောကြား ခဲ့ပါသည်။ ကျွန်တော်တို့ (၃)ဦးကိုကော်မတီ ၀င် (၁) ဦးဝင်းမောင်မှ ““လက်မှတ် မထိုးနဲ့ အလုပ်ပြန် ဆင်းပါ””ဟုဆို သဖြင့် (၂၉-၃-၂၀၁၃) ရက်နေ့မှ စ၍ တာဝန်ပြန်လည်ထမ်းဆောင် ခဲ့ကြရပါသည်။

ထို့နောက် (၂၉-၃-၂၀၁၃) ရက်စွဲဖြင့် “ရုံးတွင်းအမိန့်၊ ၁၄/ ၂၀၁၃ အရ” ကျွန်တော်ကို ““တာဝန် ထမ်းဆောင်စေ ရန်မသင့် တော်သည့်အတွက်ကြောင့်”ဟုဆို ကာ အလုပ်မှ (ဒုတိယအကြိမ်) ထုတ်ပယ်ခြင်း ကို ထပ်မံပြုလုပ်ခဲ့ ပါသည်။

ထိုသို့အပြစ်မရှိဘဲ “ဆက် လက်တာဝန်ထမ်းဆောင်စေရန် မသင့်တော်သည့်အတွက်ကြောင့်” ဟုဆိုကာ အလုပ် မှ အပြီးတိုင် ထုတ်ပယ်ခံရခြင်းကို ကျွန်တော် က (၂၂-၄-၂၀၁၃) ရက်စွဲဖြင့် ဥက္ကဋ္ဌ၊နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးထံ သို့ လိပ်မူပြီး တိုင်ကြား ခဲ့ပါသည်။ ထို့အပြင်နေပြည်တော်၊ပျဉ်းမနား မ.ထ.သ(မြို့တွင်း)ရုံးရှိကော်မတီ ၀င်များ၏ မလျော် ကန်ခြင်း များ ကို (၂၄-၄-၂၀၁၃) ရက်စွဲဖြင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဥက္ကဋ္ဌနေပြည်တော် ယာဉ် စည်းကမ်းထိန်းသိမ်းရေးကြီးကြပ် မှုကော်မတီများထံသို့ သက်သေခံ များနှင့်တကွ ပူးတွဲစာနှင့်အတူ တိုင်ကြားခဲ့ပါသည်။

ထိုသို့ ကျွန်တော့်အပေါ် အပြစ်မရှိဘဲ အလုပ်မှထုတ်ပယ် ခံရခြင်းကြောင့် နစ်နာမှုများနှင့် မ.ထ.သ(မြို့တွင်း)ရုံးရှိကော်မတီ ၀င်လူကြီးများ၏ မသမာနည်းများ အား အသုံးပြုထားခြင်းများ၊ ဥပဒေမဲ့ လုပ်ပိုင် ခွင့်ဘောင်ကျော် လုပ်ခြင်းများကို သက်ဆိုင်ရာဌာန သို့ အဆင့်ဆင့်တိုင်ကြားခဲ့သော် လည်း ယခုအချိန် ထိ စစ်ဆေး ဆောင်ရွက်ပေးခြင်းမရှိခဲ့သေးပါ ကြောင်း အယ်ဒီတာမှတစ်ဆင့် ဆိုင်ရာဆိုင်ရာတို့ သိရှိေ စရန် တင်ပြလိုက်ပါတယ်။

လွင်လွင်ကျော်
From: Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်