Saturday, August 10, 2013

ချစ်သူနှင့် သူမ၏ မိခင်ကို သတ်ပြီး ကခုန်ထွက်ပြေးသွားသူကို ရဲများရှာဖွေနေ

Posted by drmyochit Saturday, August 10, 2013, under | No comments


ချွန်ဘူရီ ၊ သြဂုတ် - ၉

ထိုင်းနိုင်ငံ၌ ချစ်သူ၏မိခင် နှင့်ချစ်သူကိုပါ သေနတ်ဖြင့် ပစ် သတ်ပြီးပျော်ရွှင်မြူးထူးစွာ ကခုန် ထွက် သွားသော လူသတ် သမား တစ်ဦးကို CCTV မှ တွေ့ရ သဖြင့် ရဲများက ရှာဖွေ နေကြောင်းသိ ရသည်။ လူသတ် သမား တာဆာ ပိုလ်ဟေလာသည် ၎င်းချစ်သူ၊ ချစ်သူ၏ မိခင်နှင့် တခြားနှစ်ဦး တို့နှင့် ၁ဝမိနစ်ခန့် စကားပြောနေ ပုံကို ဗီဒီယို မှတ်တမ်းတွင် တွေ့မြင် ရသည်။

၎င်းတို့ စကား ပြောပြီး ခဏ အကြာတွင် တာဆာပိုလ်သည် ရုတ်တရက် ဒေါသထွက် လာကာ ကီဝီလင် ဟောင်ကောင်နှင့် သူမ၏ မိခင် နှစ်ဦး စလုံးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ရာ အဆိုပါ အမျိုး သမီး နှစ်ဦး စလုံးမှာ ချက်ချင်းသေ ဆုံးသွား ခဲ့ကြသည် ကိုတွေ့ရ သည်။ ထို့နောက် ၎င်း မထွက်ခွာ မီတွင် မျက်မြင်သက် သေများကို ဖိတ်ခေါ်ပါကြောင်း ပြောခဲ့ပြီး ကခုန် ထွက်ပြေးသွား ခဲ့သည်။ ထိုအဖြစ် အပျက်ဖြစ် ပွားပြီးနောက် jub tai အမိန့်ဟု ခေါ်သော ဖမ်းမိ သည်နှင့် အသေ သတ်ရမည့် အမိန့်ကို အရာရှိ အားလုံးထံသို့ ရဲများက ထုတ်ပြန် ခဲ့သည်။ အဆိုပါ ချစ်သူ စုံတွဲသည် ဩဂုတ်လ ၂၈ ရက်တွင် လက် ထပ် တော့မည် ဖြစ်သည်။

From: Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်