Saturday, August 10, 2013

အမေရိကန်တစ်ဦး ဇနီးဖြစ်သူကို သတ်ဖြတ်၍ အလောင်းပုံ ကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့

Posted by drmyochit Saturday, August 10, 2013, under | No comments


မီယာမီ ၊ သြဂုတ်  - ၉ ။           ။ ဇနီးသည်ကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် စက်ဆုပ် ရွံရှာဖွယ်ရာ သေဆုံးနေသည့် ဇနီးသည်၏ အလောင်းပုံ ကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့သည့် အမေရိကန် အမျိုးသား တစ်ဦးအား ရဲတပ်ဖွဲ့က မေးမြန်း စုံစမ်း လျက်ရှိ ကြောင်း အာဏာပိုင် တို့ကပြော ကြားခဲ့သည်။

ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေး ခြင်း ခံနေရသူသည် အသက်၃၁ နှစ်အရွယ်ရှိ ဒဲရက်မက်ဒီနာဆိုသူ ဖြစ်ပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့ သောသူ၏ဇနီးမှာ အသက်၂၆နှစ် အရွယ်ရှိ ဂျင်နီဖာအယ်လ်ဖွန်ဆို ဖြစ်သည်။ ဇနီးဖြစ်သူအား သတ် ဖြတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ ရဲ လက် အပ်နှံခဲ့ခြင်းဖြစ်သည်။ ယခု အခါ ဖြစ်ပွား ခဲ့မှုနှင့်ပတ်သက်၍ မီယာမီရှိရဲစုံထောက်များက သူ့ကို စစ်ဆေးလျက် ရှိကြောင်း သိ ရသည်။

မက်ဒီနာသည် သူ့ကိုယ်သူ ရဲလက် အပ်နှံခြင်းမပြုမီ သွေးများ စွန်းပေ နေသော ဇနီး ဖြစ်သူ ၏မြင် မကောင်း ရှုမကောင်း အလောင်း ဓာတ်ပုံအား ဖေ့စ်ဘွတ်ခ်ပေါ်တွင် တင်ခဲ့ပြီး 'ငြိမ်းချမ်းစွာ အိပ်စက် ရစ်ပါ၊ ဂျင်နီ ဖာအယ်လ်မွန်ဆို' ဟူသော ပုံစာ ကိုပါ ရေးထိုး ခဲ့သည်ဟု သိရသည်။ ထို့ပြင် မက်ဒီနာက ''ကျွန် တော်ကတော့ ဇနီးကို သတ်တဲ့အတွက် ထောင်ထဲကို သွားရတော့မယ်။ ဒါမှမဟုတ် သေဒဏ် ကျခံရ တော့မယ်။ ခင်ဗျားတို့ကတော့ ကျွန်တော့် အကြောင်းကို သတင်း စာထဲမှာ ဖတ်ရတော့ မှာဖြစ် တယ်'' ဟူ၍ မက်ဒီနာက ဖေ့စ်ဘွတ်ခ် ကြည့်ရှုသူများကို ရည်ညွှန်းကာ ရေးသားခဲ့သည်။

မက်ဒီနာက ထပ်မံ၍ရေးခဲ့ သည်မှာ သူ၏ဇနီးက သူ့ကို လက် သီးနှင့် ထိုးခဲ့ကြောင်း၊ ထိုသို့စော် ကားမှုမျိုးကို သူဆက်လက် သည်း မခံနိုင်ကြောင်း၊ သူပြုမူလုပ်ဆောင် ခဲ့မှုနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ် ကြည့်ရှုသူများ စာနာ နားလည် မည်ဟု မျှော်လင့် မိကြောင်း စသည် ဖြင့် ရေးသား ခဲ့သည်ဟု သိရသည်။ မက်ဒီနာ၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် သူ၏ သေဆုံးနေသော ဇနီးသည်၏ အလောင်းဓာတ်ပုံ ကို တင်ထားခြင်း ဖြစ်ပြီး ဓာတ်ပုံ အောက်ခြေတွင် သေဆုံးသူ ဂျင် နီဖာအယ်လ်မွန်ဆို ၏ မိတ်ျဆွ များ အဖြစ် ယူဆရသူတို့၏ ပြော ဆိုမှု များ ကိုလည်း ဖော်ပြ ထားသည် ဟု သိရသည်။   

REF: AFP
From: Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်