Saturday, August 10, 2013

မြို့လုံးကျွတ် ဗုဒ္ဓဘာသာ ရဟန်းများကို မိတ္ထီလာ မီးနင်းပွဲတော်တွင် ဟိန္ဒူဘုရားကျောင်းက ဆွမ်းလောင်းမည်

Posted by drmyochit Saturday, August 10, 2013, under | No comments


မိတ္ထီလာ၊ သြဂုတ် ၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရတနာမာန်အောင် ရပ်ကွက်တွင် ဟိန္ဒူ ဘာသာဝင်များ ကိုးကွယ်သော စရီမူသူး မာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်း မီးနင်းပွဲတော်တွင် အဆိုပါ ဘုရားကျောင်းမှ ဟိန္ဒူဘာသာဝင်များက မြို့လုံးကျွတ် ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို ဆွမ်းလောင်း လှူမည် ဖြစ်ကြောင်း အဆိုပါ ဘုရားကျောင်း ဘဏ္ဍာရေးမှူး ဦးဘိုဘိုက ပြောကြားသည်။

စရီမူသူးမာရီယမ္မာန် မယ်တော်ကြီး ဘုရားကျောင်း မီးနင်းပွဲတော် စတင်မည့် သြဂုတ်လ ၉ ရက်နေ့တွင် မိတ္ထီ လာမြို့ရှိ သံဃာ ၁၀၈ ပါးကို ဆွမ်းကပ်မည ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပသည့် တတိယမြောက်နေ့ တွင် မြို့လုံးကျွတ် သံဃာတော်များကို ဆွမ်းလောင်းလှူသွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ မီးနင်းပွဲတော်ကို သြဂုတ် လ ၉ ရက်နေ့မှ သြဂုတ်လ ၁၂ ရက်နေ့ထိ လေးရက်ကြာ ကျင်းပ မည်ဖြစ်ပြီး ပွဲတော် နောက်ဆုံးရက်တွင် ဒါးတက်ပွဲတော်နှင့် မီးနင်းပွဲတော်ကြီးကို ကျင်းပမည်ဖြစ်ရာ မြန်မာ တစ်ဝန်း ရှိ ဟိန္ဒူဘာသာဝင် ၂၀၀ ခန့် ပါဝင်ဆင်နွှဲကြမည်ဟု ဦးမြင့်သိန်းက ရှင်းပြသည်။

“ခုနစ်ရက် ဥပုသ်စောင့်ထားတယ်။ ဖိနပ်မစီးရဘူး။ သက်သတ်လွတ်စားရတယ်။ မသန့်ရှင်းတဲ့အိမ် မသွားရ ဘူး။ ပုတီးစိပ်၊ တရားထိုင်ရတယ်။ ဆာမိတွေက လိုအပ်တာတွေ ပြင်ဆင်ပေးပါတယ်” ဟု ပွဲတော်တွင် မီးနင်း ရန် ပြင်ဆင်နေသော ဦးနိုင်နားက ရှင်းပြသည်။

အဆိုပါပွဲတော် လှည့်လည်ချိန်နှင့် မီးနင်းပွဲတော် ကျင်းပချိန်များတွင် မိတ္ထီလာမြို့တွင်းသို့ ဖြတ်သွားသော ရန်ကုန်-မန္တလေးလမ်းမကြီးကိုပင် ပိတ်ထားရသည်အထိ ပါဝင်ဆင်နွှဲသူများနှင့် လေ့လာကြည့်ရှုသူများ စည်ကား လျက် ရှိကြောင်း မိတ္ထီလာမြို့ဒေသခံများက ဆိုသည်။

“မီးနင်းတဲ့အခါ အပူရှိန်က လူကိုလာဟပ်တဲ့ အသိတော့ ရှိနေပါတယ်၊ ပြီးရင် နို့၊ ကောက်ရိုးနဲ့ အဓိဋ္ဌာန်ပစ္စည်းပါတဲ့ ကန်ထဲမှာ ခြေချရပါတယ်။ အဓိဋ္ဌာန်ကြောင့် ခြေထောက်လောင်ကျွမ်းတာတွေ ဒဏ်ရာအနာတရ ဖြစ်တာတွေ မရှိပါဘူး” ဟု နှစ်စဉ် မီးနင်းခဲ့သော ဦးမြင့်သိန်းက ရှင်းပြသည်။

မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် မတ်လအတွင်းက ပဋိပက္ခ ဖြစ်ပွားခဲ့သော်လည်း ယခုအခြေအနေ ပြန်လည် တည်ငြိမ်လာပြီ ဖြစ်၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဘာသာရေး အခမ်းအနားများ ကျင်းပခွင့် ပြုထားကြောင်း သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်