Saturday, August 10, 2013

ရခိုင်သယံဇာတများမှ အကျိုးခံစားခွင့်ရရှိရေး ဒေသခံသုံးသိန်းကျော် လက်မှတ် ရေးထိုး တောင်းဆိုမည်

Posted by drmyochit Saturday, August 10, 2013, under | No comments

ကျောက်ဖြူ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း လုပ်ငန်းမြင်ကွင်း။ ဓာတ်ပုံ - စောမြင့်သန်း (ပေါက်တော)

ရန်ကုန် ၊ သြဂုတ် - ၉ ။ ။ ရခိုင်ပြည် နယ်မှထွက်ရှိသည့် သဘာဝသယံ ဇာများမှ ဒေသ အကျိုး အတွက် ခံစားခွင့် ရရှိရေးကို ဒေသခံ သုံးသိန်းကျော် လက်မှတ် ရေးထိုးကာ သက် ဆိုင်ရာထံ တင်ပြ တောင်းဆိုသွား မည်ဖြစ်ကြောင်း ရခိုင် သယံဇာတ များ အကျိုး ခံစားခွင့် ရရှိရေး ကော်မတီမှ တာဝန်ခံ ဦးခိုင်ပြည်စိုးက ပြောသည်။

ဦးခိုင်ပြည်စိုးက''ရခိုင်ဒေသ ခံတွေအနေနဲ့ သူတို့ဆန္ဒ အရ ထိုး ထားတဲ့လက်မှတ် တွေကို ပြည် နယ် အားလုံးမှာ ရှိတဲ့ မြို့နယ်တိုင်း၊ ကျေးရွာ တိုင်းမှာ တစ်ပြိုင် တည်းကောက်ခံ သွားမှာ ဖြစ်တယ်။ အဲဒီ လက်မှတ် တွေနဲ့ အတူ ကျွန်တော် တို့ ရပိုင်ခွင့် တွေကို တောင်းဆို သွားမယ်'' ဟု ရန်ကုန်တိုင်းမ်နေ့ စဉ် သတင်းစာသို့ အတည်ပြုပြော သည်။ ယင်းသို့ ကောက်ခံ နိုင်ရန် ရခိုင် တိုင်းရင်းသား များ တိုးတက် ရေးပါတီမှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး ဒေသခံ ရခိုင် တိုင်းရင်းသား သုံးသိန်း ကျော် ၏ လက်မှတ်များ ကောက်ခံခြင်းကို ယခုလ ၁၅ရက် နောက်ပိုင်းတွင် စတင် အကောင် အထည်ဖော် နိုင်ရန် စီစဉ်နေ ကြောင်း ဦးခိုင်ပြည်စိုးက ဆိုသည်။ အဆိုပါ လက်မှတ်များ ကောက်ခံပြီး ပါက ပြည်နယ်အ စိုးရအဖွဲ့၊ လွှတ်တော် အသီးသီး၊ နိုင်ငံတကာ သံရုံး များနှင့် နိုင်ငံတ ကာNGO အဖွဲ့ အစည်း များထံ တင်ပြ ပေးပို့ သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ ကျောက်ဖြူ မြို့နယ်မှ ဒေသခံ တစ်ဦးဖြစ်သူ ဦးကျန်သိန်းအောင် က ''ကျွန်တော်တို့ ဒေသခံ တွေအ နေနဲ့ ဒီလိုမျိုး ရပိုင်ခွင့်တွေ၊ အကျိုး အမြတ်တွေကို အပြည့် အဝ ရစေ ချင်တယ်။ ဒီလို ရပိုင်ခွင့် အကျိုး အမြတ်တွေကို မဖြစ် မနေ ရရှိ အောင်လည်း ကျွန်တော်တို့ လက် မှတ် ရေးထိုးပြီး လက်တွဲ တောင်းဆို သွားမယ်''ဟု ဆိုသည်။ ရခိုင်ပြည်နယ်ရှိ သဘာဝ သယံဇာတ များမှ ရရှိသည့် အကျိုး အမြတ် များကို ရခိုင်ပြည်သူများ ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဖော် ဆောင်သွားမည် ဖြစ်သည့် အပြင် ဒေသတွင်း အလုပ် လက်မဲ့ ပြဿနာကြောင့် ဒေသ စွန့်ခွာ နေသူ များကိုလည်း ဒေသတွင်း အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီး ပေး နိုင်ရေး တို့ကို ဆောင် ရွက် သွားမည် ဖြစ်ကြောင်း သိရ သည်။

ယင်း အပြင် ရရှိ လာသည့် အကျိုး အမြတ်များဖြင့် လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် ပညာရေး၊ ကျန်းမာရေး ကဏ္ဍ များကို မြှင့် တင် ဆောင်ရွက်ရေး ပေးသွားမည် ဖြစ်ပြီး ရခိုင်တစ်ပြည်လုံး ၂၄နာ ရီ လျှပ်စစ်မီး ရရှိရေးနှင့် မီတာခ ဈေးနှုန်းများ ပြည်မနှင့် တစ်ပြေး ညီ ဖြစ်စေရေး တို့ကိုလည်း ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း ရခိုင့် သယံ ဇာတများ အကျိုးခံစားခွင့် ရရှိရေး ကော်မတီ ထံမှသိရ သည်။

လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက် နေသည့် ကျောက်ဖြူ ဒေသ ရွှေ သဘာဝ ဓာတ်ငွေ့ စီမံကိန်း အပါအဝင် အိန္ဒိယ နိုင်ငံနှင့် ကုန်စည် ကူးသန်းမှုမြန်ဆန် စေရန် ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး ဖွံ့ဖြိုးမှု စီမံကိန်း၊ စစ်တွေ ဆိပ်ကမ်း စီမံကိန်း နှင့် ပလက်ဝ ဆိပ်ကမ်း စီမံကိန်း တို့ကို ဒေသခံများ အနေဖြင့်စိတ် ဝင်စား နေကြကြောင်းသိရသည်။

မာန်ယုကျော် (ရွှေဝမြေ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်