Saturday, August 10, 2013

စစ်တွေသတင်းအခြေအနေ

Posted by drmyochit Saturday, August 10, 2013, under | No comments

ယနေ့ တွင် ဘင်္ဂလီများအနေဖြင့် ပြန်လည် အကြမ်းဖက်မျှုား၊ ဆူပူမှုများ ဖြစ် လာနိုင်ခြေရှိကြောင်း၊ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိ နေသော ၀န်ထမ်းတစ်ဦးက ပြောပါသည်။

ယမန်နေ့ညက သဲချောင်းတံတားအား ဖျက်ဆီးရန် ဘင်္ဂလ်ီများကြိုးစား ခဲ့ သော်လည်း လုံခြုံရေး တပ်ဖွဲ့များမှ တားဆီးနိုင်ခဲ့ကြောင်းလည်းသိရ သည်။
အဆိုပါတံတားသည် စစ်တွေနှင့် သဲချောင်းဘက်ခြမ်းရှိ ဘင်္ဂ လီဒုက္ခ သည် စခန်းများရှိရာ နေရာများနှင့် ဆက်သွယ်ထားသော အဓိက တံတားတစ်စင်း ဖြစ်ကြောင်းလည်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စောင့်ကြည့်နေဆဲ အခြေအနေတွင် ရှိ နေပြီး သားရေ စက်ရုံဘက်တွင် စစ်တပ်ချထားပေးပြီး ဘောဒူဖ ကယ်ဆယ်ရေး စခန်းနှင့် အုန်းတော ကြီး၊ အုန်းတောချေ ကယ်ဆယ်ရေးစခန်းများတွင် လည်း လုံခြုံရေးကို အပြည့်အ၀ချထားကြောင်းသိရသည်။

သို့သော်လည်း အုန်းတောချေနှင့် ဘောဒူဖ ကြားတွင် ကားလမ်းအား ဖြတ် တောက်ခြင်း၊ ကျင်းများတူးထားခြင်းများကြောင့် ကား များသွားလာရန်ခက်ခဲ နေဆဲရှိနေပြီး ဖြတ်သန်းသွား ၇န်ဘင်္ဂလီများက ပိတ် ဆို ထားပြီး လူအုပ်ကြီးဖြင့် ခံတပ်သဖွယ်ပြုလုပ်ထားရာ ဘောဒူဖတွင်
ရောက်ရှိနေသော လုံခြုံရေးများ ပြန်လာရန် ခက်ခဲနေကြောင်းလည်း ယနေ့ နံနက်ပိုင်းက သတင်းရရှိသည်။

RSV

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်