တရုတ်နိုင်ငံတွင် ဘတ်စ်ကား တစ်စင်းကို ဓားဖြင့် ရမ်းကား တိုက်ခိုက်မှုကြောင့် သေဆုံးသူ ကလေးငယ် အရေအတွက်သည် (၃)ဦးထိ မြင့်တက်လာကြောင်း သိရသည်။ တနင်္လာနေ့က ဟီနန်တွင် ဖြစ်ပွားသော ရမ်းကား အကြမ်းဖက်မှုအတွင်း လူတစ်ဦးသည် ဓားတစ်လက်ဖြင့် ဘတ်စ်ကားပေါ် ပါလာသူများကို ရန်ပြုခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားသည့်နေ့က (၂)ဦး သေဆုံးခဲ့ပြီး အင်္ဂါနေ့တွင် နောက်ထပ် ကလေး(၁)ဦး ဆေးရုံပေါ်တွင် ထပ်မံ သေဆုံးကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။
အန်ယန်းမြို့တော် အုပ်ချုပ်ရေး ဌာနက သေဆုံးသူ အားလုံးသည် ငယ်ရွယ်သူများချည်း ဖြစ်ကြပြီး အသက်အငယ်ဆုံးမှာ (၁၀)လသာ ရှိသေးသည့် မိန်းကလေးဟု အတည်ပြု ပြောကြားခဲ့သည်။ ကျန်သေဆုံးသူ (၂)ဦးသည် (၁၀)နှစ်နှင့် (၁၈)နှစ် အသီးသီး ရှိနေကြသည်။ ဓားကိုင်လူရမ်းကားသည် ဘီဂူအိုသို့ ဦးတည်နေသော ဘတ်စ်ကားပေါ်တွင် ရမ်းကားခဲ့ခြင်းဖြစ်ပြီး လူ(၁၅)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှု အပြီးတွင် တရားခံသည် ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်သည်။ တနင်္လာနေ့က တိုက်ခိုက်မှုအပြီး ဒဏ်ရာရသူများကို ဆေးရုံ ပို့ဆောင်စဉ်မှာပင် (၂)ဦး သေဆုံးသွားသည်။
ဒဏ်ရာရသူများအနက် အသက်အကြီးဆုံးသည် (၆၇)နှစ်အရွယ်ဖြစ်ပြီး အသက်အငယ်ဆုံးသည် (၁၈)နှစ်ဟု ဆေးရုံနှင့် နီးစပ်သူများက ဆိုသည်။ အန်ယန်းမြို့တော် အုပ်ချုပ်ရေး ဌာနသည် အဆိုပါ ရမ်းကားတရားခံကို ရှာဖွေရန် ရဲဝန်ထမ်း (၄၀၀)ကို ဖြန့်ကျက် တာဝန်ပေးထားသည်။ ဓားသမားသည် လမ်းဘေးရှိ ပြောင်းခင်းတစ်ခုထဲ ဝင်ရောက် လွတ်မြော်ကခဲ့ကြောင်း သိရသည်။ အန်ယန်းရဲတပ်ဖွဲ့သည် အဆိုပါ လူသတ်သမားအကြောင်း သတင်းပေးသူကို ဆုငွေ ယွမ်တစ်သိန်း ပေးအပ်မည်ဟုလည်း ကြေညာထားသည်။
From: Planet
Time in Rangoon


0 comments:
Post a Comment