Thursday, August 22, 2013

မြန်မာသံရုံးဗုံးခွဲဖို့ သံသယရှိသူ ၄ဦး ထပ်မံဖမ်းဆီးခံရ

Posted by drmyochit Thursday, August 22, 2013, under | No comments


အကြမ်းဖက်သမားတွေကို လက်လံနှိမ်နင်းဖမ်းဆီးနေတဲ့ အင်ဒိုနီးရှားရဲတွေ (Credit: Reuters)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်မှုနဲ့ သံသယဖြစ်နေတဲ့ အမျိုးသား လေးဦးကို အင်ဒိုနီးရှားရဲတွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သံသယဖြစ်ဖွယ်ရာ လူလေးဦးကို စနေနေ့ကနေ အင်္ဂါနေ့အထိ လိုက်လံဖမ်းဆီးမိခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ဖမ်းမိတဲ့ အမျိုးသားနှစ်ဦးဟာ အကြမ်းဖက်မှုနဲ့ ထောင်ဒဏ်ရှစ်နှစ် ကျခံရဖူးသူတွေဖြစ်ပြီးတော့ ၂၀၀၈ ခုနှစ်က မှ ပြန်လွတ်လာတာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ronny Sompie က ပြောပါ တယ်။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ မွတ်စလင်တွေကြားက ပဋိပက္ခတွေဟာ အင်ဒိုနီးရှား နိုင်ငံမှာရှိတဲ့ မွတ်စလင်လူမျိုးတွေကို အမျက်ဒေါသ ပိုမိုတိုးပွားစေခဲ့ပြီး အခုဖမ်းဆီးမိတဲ့ အမျိုးသားလေး ဦးဟာ မြန်မာသံရုံးကိုဗုံးခွဲဖို့ ကြံစည်မှုမှာ ပါဝင်တယ်လို့ သံသယဖြစ်ခံထားရသူတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။

မေလ ၂ရက်နေ့တုန်းက မြန်မာသံရုံးကို ဗုံးခွဲဖို့အတွက် ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံး ငါးလုံးသယ် ဆောင်လာတဲ့ အမျိုးသား ၂နှစ်ဦးကို အင်ဒိုနီးရှားရဲတွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အကြာသေးခင်ကပဲ ဂျာကာတာမှာရှိတဲ့ အက္ကယာန ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို မွတ်စလင် စစ်သွေး ကြွအဖွဲ့တဖွဲ့ကနေ ဗုံးခွဲတိုက်ခဲ့ပြီး လူတဦးအနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်