အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်ကင်တားနားတို့ သြဂုတ် ၂၀ ရက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မစ္စတာကင်တားနား၏ ခရီးစဉ်နှင့် နိုင်ငံအတွင်း လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ မိတ္ထီလာ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့သော်လည်း အခြားခရီးစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားသည်။
ထို့အပြင် နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် ပတ်သက်၍ ပြောကြားခဲ့မှုအပေါ် "အားလုံးလွတ်မယ်လို့ ယုံကြည်ပါတယ်လို့ ပြောလိုက်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ်ကင်တားနားသည် ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်းပြည်နယ်နှင့် မိတ္ထီလာမြို့များသို့ သွားရောက်ခဲ့ပြီး ဒေသခံများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာတွင် ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့သည်။
Eleven Media Group
Time in Rangoon


0 comments:
Post a Comment