Thursday, August 22, 2013

ဗီဇာသက်တမ်းကိစ္စ အလုပ်သမားတွေသိအောင် ဥပဒေ ထုတ်ပြန်ဖို့ တောင်းဆို

ထိုင်းနိုင်ငံတွင်းမှာ ​တရားဝင်အလုပ်လုပ်ကိုင်ခွင့် ​ဗီဇာ ​သက်တမ်း ​၄နှစ်ပြည့်သွားတဲ့ ​ရွှေ့ ​ပြောင်း အလုပ် သမားတွေ အတွက် ​ရှင်းလင်းပြတ်သားတဲ့ ​ဥပဒေတရပ်ထုတ်ပြန်ပေးဖို့ ​အလုပ်သမားအဖွဲ့အ ​စည်းတွေက ​ထိုင်းနဲ့ ​မြန်မာ အစိုး ရတွေ ကို ​တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမား တချို့ (Credit: ABC)

ထိုင်းအစိုးရရဲ့ ​ထုတ်ပြန်ချက်အရ ​၄နှစ်ဗီဇာပြည့်သွားတဲ့ ​အလုပ်သမားတွေအနေနဲ့ ​နေရပ်မှာ ​၃နှစ် ​ပြန်နေပြီးမှ ​ထိုင်းနိုင်ငံအတွင်း ​အလုပ်လုပ်ခွင့် ​ဗီဇာ ​ထပ်ထုတ်ပေးမယ်လို့ ​ပြောခဲ့တဲ့အတွက် ​အကယ်လို့ ​ဒီအတိုက် ​ဆက်သတ်မှတ်မယ်ဆိုရင် ​အားလုံး ​သိအောင် ​ထုတ်ပြန်ပေးဖို့ ​တောင်းဆိုတာလို့ ​ရွှေ့ပြောင်းအလုပ်သမား ​အခွင့်အရေး ​ကွန်ယက်အဖွဲ့  ​ဥက္ကဌ ​ဦးအောင်ကျော်က ​ပြောပါတယ်။

မြန်မာအစိုးရနဲ့ ​ထိုင်းအစိုးရ ​သဘောတူလက်မှတ်ရေးထိုးပြီးမှ ​ယာယီနိုင်ငံကူးလက်မှတ်တွေ ​ထုတ်ပေးတဲ့ ​အစီအစဉ်ကို ​ကျနော်တို့လုပ်ခဲ့တဲ့အခါမှာ ​ထိုင်းနိုင်ငံအစိုးရက ​၄နှစ်ပဲ ​နေထိုင်ခွင့်ပြုမယ်လို့ ​ဥပဒေမှာသတ်မှတ် ​ထားပါတယ်၊ ​အခုက ​၄နှစ်ပြည့်သွားပြီးတဲ့အချိန်မှာ ​ရှေ့ဆက်ပြီးအသစ်မှတ်ပုံတင်ဖို့အတွက် ​ဘယ်လိုလုပ်ရမယ်၊ ​ရှင်းလင်းပြတ်သားတဲ့အကြောင်းအရာတွေကို ​ထိုင်းနိုင်ငံအစိုးရက ​ဥပဒေတရပ်အနေနဲ့ ​သတင်းမထုတ်ပြန်တဲ့ ​အတွက်ကြောင့် ​ကျနော်တို့ ​အလုပ်သမားအဖွဲ့ ​၄ဖွဲ့ ​ပေါင်းပြီး ​ထုတ်ပြန်လိုက်ခြင်း ​ဖြစ်ပါတယ်။ 

လောလောဆယ်မှာတော့ ​ဗီဇာသက်တမ်းပြည့်သွားတဲ့ ​အလုပ်သမားတွေ ​သိန်းဂဏန်းလောက်ရှိနိုင်ပြီး ​တချို့က ​နောက်ထပ်စာအုပ် ​အသစ်လုပ်ဖို့ ​ကြိုးစားနေ ​တာတွေရှိသလို ​တချို့ကလည်း ​အိမ်ပြန်သွားတာ ​တွေရှိတဲ့အတွက် ​နောက်ထပ်ဗီဇာ ​ရရှိဖို့ ​ဘယ်လိုလုပ်ဆောင် ​ရမယ်ဆိုတာကို ​ အလုပ်သမား၊ ​အလုပ်ရှင်တွေ ​အားလုံးသိအောင် ​တရားဝင် ​ကြေညာပေးမှသာ ​ပွဲစားတွေရဲ့ ​လိမ်ညာမှု ​မခံရမှာဖြစ်တယ်လို့ ​ပြောပါတယ်။

ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုနဲ့ ​ပတ်သက်ပြီး ​ထိုင်းအလုပ်သမားတွေနဲ့ ​မြန်မာလို ​တခြားနိုင်ငံက ​အလုပ်သမားတွေအကြား ​အခွင့်အရေးတန်းတူရရှိမှာ ​ဖြစ်တယ်လို့ ​ပြောပေမဲ့ ​တကယ်ခံစားခွင့်ရရှိတဲ့သူက ​အနည်းအကျဉ်းပဲ ​ရှိတယ်လို့ ​ကိုအောင်ကျော်က ​ပြောခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။ 

Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်