Thursday, August 22, 2013

လူကုန်ကူး ခံရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖမ်းဆီး ရမိ …….

Posted by drmyochit Thursday, August 22, 2013, under | No comments


နေပြည်တော် သြဂုတ် ၂၁    

၂ဝ၁၃ ခုနှစ် သြဂုတ် ၁၉ရက် ညနေ ၅နာရီခွဲက ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်း မြို့နယ်ခွဲ နံ့သာပု ကျေးရွာ ဂိုရန်ကြီးကျွန်း ကမ်းခြေတွင် ဘင်္ဂါလီ လူမျိုး ၅၃ဦးအား တာဝန် ရှိသူများမှ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ သူများအား စစ်ဆေးမေးမြန်းရာ ဘူးသီးတောင်၊ မောင်တောနေ ဘင်္ဂါလီ ၁၇ဦးက ၎င်းတို့အား မောင်တော မြို့နယ် ငါးခူရ ကျေးရွာနေ လူပွဲစား ဘင်္ဂါလီလူမျိုး အာယု ၃၅နှစ်မှ လူတစ်ဦးလျှင် ငွေတစ်သိန်းခွဲ၊ နှစ် သိန်း ရယူပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု ဆိုကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ခေါ်ဆောင်သွားပြီး ဘင်္ဂလား ဒေ့ရှ်နိုင် ငံသား ၂ဝဝကျော် ခန့်တို့နှင့် အတူ သြဂုတ် ၁၃ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အုန်းကျွန်းမှ စက်လှေဖြင့် ထွက်ခွာခဲ့ကြောင်း၊ သြဂုတ် ၁၉ ရက် ညနေ ၅နာရီခန့်က ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့နယ် ခွဲရှိ ဂိုရန်ကြီး  ကျွန်းအနီး သို့ ရောက်ရှိစဉ် ရာသီဥတု ဆိုးရွားပြီး လှိုင်းလေ ထန်သောကြောင့် ကမ်းခြေအနီး စောင့်ဆိုင်းစဉ် အဆိုပါ ဖမ်းဆီးရမိ ၅၃ ဦးမှာ အစာနှင့် ရေရိက္ခာ ပြတ်လပ်၍ စက်လှေပေါ်မှ ခုန်ချလျက် နံ့သာပု ကျေးရွာသို့ ကူးခတ်ခဲ့ရာ ကမ်းခြေ၌ သက်ဆိုင်ရာ အဖွဲ့များမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိ တရားခံများအား သက်ဆိုင်ရာမှ လိုအပ်သလို စစ်ဆေး မေးမြန်းလျက် ရှိကြောင်း သတင်း ရရှိသည်။      

From: မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်