Monday, August 05, 2013

ကတုံးတုံးပြီး ကျောင်းလာလို့ ကျောင်းအုပ်က ဆံပင်တုဝတ်ခိုင်း

Posted by drmyochit Monday, August 05, 2013, under | No comments



ကလေးငယ်များ ကင်ဆာဖောင်ဒေးရှင်းအတွက် မိမိ၏ဆံပင်များကို ကတုံးတုံးပြီး ရန်ပုံငွေရှာလိုတဲ့ စင်္ကာပူနိုင်ငံမှ အသက်(၁၅)နှစ်အရွယ် ကျောင်းသူကလေး(၅)ဦးသည် သူမတို့၏ ကျောင်းအုပ်ထံ ခွင့်တောင်း ရာ ကျောင်းအုပ်က ကတုံး တုံးပြီး ဆံပင်တုဝတ်ပါမည်ဟူသော ကတိပြုချက်ဖြင့် ၎င်းတို့အား ခွင့်ပြု ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့် စနေနေ့က ပြုလုပ်ကျင်းပသော Hair for Hope ပွဲတွင် ၎င်းတို့က ကတုံးတုံးခဲ့ပြီး ကျောင်းပြန် တက်သည့် အခါတွင် ၎င်းတို့(၅)ဦးထဲမှ သုံးဦးသာ ပေးထားသည့် ကတိအတိုင်း ဆံပင်တု ဝတ်လာ၍ ကျန်နှစ်ဦးမှာ ကတုံးပြောင်နှင့် ကျောင်းလာခဲ့သောကြောင့် ကျောင်းအုပ်က ၎င်းတို့အား စာသင်ခန်း ထဲမှ ထွက်ခိုင်းခဲ့တာမို့ ကူညီသော အခြား ကျောင်းသားမိဘများနှင့်အတူ စင်္ကာပူဒေါ်လာ (၇၀)တန် ဆံပင် တုများကို သွားထွက်ဝယ်ခဲ့ရကြောင်း သိရသည်။

စင်္ကာပူနိုင်ငံရှိ ထိုကျောင်းစည်းကမ်းအရ ကျောင်းသူကလေးများသည် ပန့်ဆံပင် ပုံစံမျိုး ၊ မိန်းမ မဆန်သောဆံပင်ပုံစံမျိုး ၊ လျော့တိလျော့ရဲ မသေမသပ် ဆံပင်ပုံစံမျိုးမထားရကြောင်း သိရသည်။

အကယ်၍ ဆံပင်တုကြောင့် ခေါင်းတွင် အပူနာများ ဖြစ်ရကြောင်း ဆရာဝန်၏ထောက်ခံချက် ပါရှိပါကမူ ကတုံး ဆံပင်ဖြင့် စာသင်ခန်းတွင်း ဝင်ခွင့်ပြုကြောင်း သိရသည်။

Source : Straitstimes
Credit:  burmesehearts

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်