Monday, August 05, 2013

၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများ အတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့် သွင်းနိုင်ရန် ဆောင်ရွက်

Posted by drmyochit Monday, August 05, 2013, under | No comments



အသစ်ထွက်ရှိသော ၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့် သွင်းနိုင် ရန် စတင်ဆောင် ရွက် လိုက်ကြောင်း သိရသည်။

www.topup.com.mm ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက် အနေဖြင့် GSM, WCDMA, CDMA 800 MHz, CDMA 450 MHz ဖုန်းများအား အွန်လိုင်းမှ ငွေဖြည့် သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ရာမှ အသစ်ထွက်ရှိသော တန်ဖိုးနည်း GSM ဖုန်းများအတွက်လည်း ဆောင်ရွက် လိုက်ခြင်းဖြစ်သည်။ GSM MEC Tel - CDMA 800 MHz မိုဘိုင်းကွန်ရက်အတွက် အဆိုပါ ဝန်ဆောင်မှု ရရှိဦး မည် မဟုတ်ကြောင်း၊ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး ငွေဖြည့်သွင်းကာ ငွေပေးချေရန်အတွက် Myan Pay Online Payment Gateway အသုံးပြုထားကြောင်း Myan Pay ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အွန်လိုင်းမှ ငွေဖြည့်သွင်းရာတွင် တစ်ခါတစ်ရံ၌ မိုဘိုင်းဖုန်းလိုင်းများ လိုင်းကျပ်၍သော်လည်းကောင်း၊ မိမိ အသုံးပြုသော ဖုန်းသည် ဆက်သွယ်ရေးဧရိယာပြင်ပသို့ ရောက်ရှိနေ၍သော်လည်းကောင်း အကြောင်း အမျိုးမျိုးကြောင့် အွန်လိုင်းမှ ငွေဖြည့်သွင်း၍ မရခြင်းမျိုး ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါအခြေအနေတွင် ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသော သို့မဟုတ် Email သို့ ရောက်ရှိလာသော Top Up Card အချက် အလက်ကို ကိုယ်တိုင်အသုံးပြု၍ ငွေဖြည့်သွင်းပေးရမည်ဖြစ်ကြောင်း www.topup.com.mm တွင် ဖော်ပြ ထားသည်။

Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်