Monday, August 05, 2013

အစာအဆိပ်သင့်ဝေဒနာဖြစ်စေနိုင်သော ပိုးတွေ့ရှိလို့ Danone Dumex နို့မှုန့်တွေပြန်သိမ်း

Posted by drmyochit Monday, August 05, 2013, under | No comments



စင်္ကာပူနိုင်ငံတွင် Danone Dumex နို့မှုန့်များအား အစာအဆိပ်သင့်ဝေဒနာဖြစ်စေနိုင်သော ပိုးတွေ့ရှိလို့ ပြန်လည် သိမ်းယူလျက်ရှိကြောင်း သိရသည်။

သိမ်းယူသည့် နို့မှုန့်အမည်မှာ Mamil Gold PreciNutri Step 2 ဟုခေါ်သည့် (၆)လကျော် ကလေးများ သုံးစွဲသောက်သုံးဖို့ ဖော်စပ်ထားသော ၉၀၀ဂရမ်နှင့် ၁.၆ ကီလိုဂရမ် အလေးချိန်ရှိသော ဖော်မြူလာနို့မှုန့်များဖြစ်ကြောင်း သိရသည်။

တာရှည်ခံအစားအစာများတွင် ဖြစ်တတ်သော ဗက်တီးရီးယားများကြောင့် (botulism)ဟု ခေါ်သည့် အစာအဆိပ်သင့်စေသော ရောဂါဝေဒနာ ဖြစ်ပေါ်စေတတ်သော မသန့်ရှင်းသည့်ပိုးများ နို့မှုန့်ထဲ ပါဝင်နေသောကြောင့် ယခုကဲ့သို့ ဈေးကွက်မှ ပြန်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့သော​ ၎င်းတို့၏ ထုတ်ပြန်ချက်ထဲ၌ နို့မှုန့်ထဲပါဝင်သည့် ပစ္စည်းတစ်မျိုးထဲတွင် ရောဂါဖြစ်စေသည့် အလားအလာရှိသော အရည်အသွေးပြဿနာကြောင့် ယခုလို ပြန်လည်သိမ်းယူခြင်းဟု ဖော်ပြပါရှိသည်။

ကလေးမိဘများအနေဖြင့် ကွန်ပျူတာနှင့် ဖတ်ရသော batch နံပါတ် FGMG2RG0900TNSG29 06043R1 နှင့် FGMG2RG1600TNSG29 06053R1 Danone Dumex နို့မှုန့်များကို ကလေးငယ်အား တိုက်ကျွေးခြင်းမပြုရန်လည်း ဖော်ပြပါရှိသည်။

ထိုနို့မှုန့်ဗူးများ ဝယ်ထားသည့် ကလေးမိဘများအနေဖြင့် ထို batch နံပါတ် ပါရှိသော နို့မှုန့်များ ဝယ်ထားမိပါက မိမိဝယ်ယူခဲ့သော နေရာများတွင် ပြန်အပ်နှံ၍ ယင်းတန်ဖိုး ပြန်အမ်းငွေအပြည့်အား ထုတ်ယူနိုင်ကြောင်းလည်း သိရသည်။

Source : Straitstimes

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်