Monday, August 05, 2013

iPhone နှင့် iPad တင်ပို့ရောင်းချမှု တားမြစ်ချက်ကို အိုဘားမား ပယ်ချ

Posted by drmyochit Monday, August 05, 2013, under | No comments


အမေရိကန်သမ္မတ ဘာရက် အိုဘားမားသည် အမေရိကန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့ (ITC) ၏ အမေရိကန်ဈေးကွက်အတွင်း iPad နှင့် iPhone များ ရောင်းချခွင့်ကို တားမြစ်သော ဆုံးဖြတ်ချက်အား ပယ်ဖျက်လိုက်သည်။

Samsung ကုမ္ပဏီ၏ အချက်အလက်ထုတ်လွှင့်မှုနည်းလမ်းနှင့် သက်ဆိုင်သည့် မူပိုင်ခွင့်တစ်ခုကို Apple ထုတ်ကုန် အဟောင်း အချို့တွင် ချိုးဖောက်ထားသည်ကို တွေ့ရှိခဲ့ပြီးနောက် အမေရိကန် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့ (ITC) မှ ထုတ်ပြန်ခဲ့သည့် iPhone နှင့် iPad ရောင်းချခွင့် တားမြစ်ချက်ကို အမေရိကန် သမ္မတ ဘာရက် အိုဘားမားနှင့် အမေရိကန် ကုန်သွယ်ရေးဌာန ကိုယ်စားလှယ် မိုက်ကယ် ဖရိုမန် တို့က ပယ်ချခဲ့ခြင်း ဖြစ်သည်။

ယခု မူပိုင်ခွင့်ပြဿနာအပေါ် သမ္မတ အိုဘားမား၏ အထူးစိတ်ဝင်စားမှုနှင့် ပတ်သက်၍ အမေရိကန် အခြေ စိုက် Apple ကုမ္ပဏီက များစွာအားတက်လျက်ရှိပြီး အခြားကဏ္ဍများတွင်လည်း အနိုင်ရရှိရန် မျှော်လင့်နေ သည်။

တားမြစ်ခံရသည့် ထုတ်ကုန်များတွင် အမေရိကန်ဈေးကွက်၌ ရောင်းချခြင်းမရှိတော့သည့် AT&T မှ ရောင်းချ ခဲ့သော iPhone 4, iPhone 3 နှင့် 3GS, iPad 3G နှင့် iPad 2 3G စသည့် ထုတ်ကုန် ဗားရှင်းဟောင်း များ ပါဝင်ကြောင်းသိရသည်။

ယခုကဲ့သို့ ITC ၏ ဆုံးဖြတ်ချက်ကို အမေရိကန်သမ္မတမှ ပယ်ချခြင်းသည် ၁၉၈၇ ခုနှစ်က အမေရိကန် သမ္မတ ရော်နယ်ရေဂန်မှ ထုတ်ကုန်တစ်ခု ရောင်းချခွင့် တားမြစ်ချက်အား ပယ်ချခဲ့ပြီးနောက်ပိုင်း ပထမဦး ဆုံး အကြိမ် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

Ref: ChannelNewsAsia
From: Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်