Monday, August 05, 2013

သမီးဖြစ်သူအား စည်းရုံး ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံတွင် ရောင်းစား ထားကြောင်း သိရှိရသဖြင့် အရေးယူပေး ရန်တိုင်ကြား

Posted by drmyochit Monday, August 05, 2013, under | No comments



ရန်ကုန်၊ သြဂုတ် ၅

၃၀.၃.၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရွှေပြည်သာ မြို့နယ်နေ ဦးသန်းအေးသည် သမီးဖြစ်သူ မ----- အား ရွှေပြည် သာမြို့နယ် နေသူများဖြစ်သည့် မမာမာဦး၊ မအေးမြတ်မွန်(ခ)အငယ်လေးနှင့်
မစိုးစိုး (စိစစ်ဆဲ)တို့ (၃)ဦးမှ စည်းရုံးခေါ်ဆောင်သွားပြီး လာရှိုးမြို့၊ အားကစားကွင်းအနီး၌ ကြိုတင်ရောက်ရှိ နေသူ သားငယ်(စိစစ်ဆဲ)နှင့် အတူ လားရှိုးမြို့၊ (၉)ရပ်ကွက်နေ မစုစုခိုင်ထွေး၏နေအိမ်သို့ ပို့ဆောင်ခဲ့ ကြောင်း၊ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ခိုးဝင်ပြီး ရွှေလီမြို့၊ အန်ဝှေ့ရပ်ကွက်ရှိ မရှမ်းမ(စိစစ်ဆဲ)၏ နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း မရှမ်းမနှင့် ခင်ပွန်းဖြစ်သူတို့က သမီးဖြစ်သူအား တရုတ်အမျိုးသား (၂)ဦးထံ ရောင်းစားခဲ့ကြကြောင်းတို့ကို ရွှေလီမြို့၌ သမီးဖြစ်သူနှင့် တွေ့ခဲ့သော မဇာခြည်စိမ့်စိမ့်ကျော်မှ ၂၀.၇.၂၀၁၃ နေ့တွင် နေအိမ်အနီးရှိ ဖုန်းဆိုင်သို့ ဆက်သွယ်အကြောင်းကြားပေးလာသဖြင့် သိရှိခဲ့ရသောကြောင့် သမီးဖြစ်သူအား စည်းရုံးခေါ်ဆောင်ကာ တရုတ်နိုင်ငံတွင်ရောင်းစား ခဲ့ကြသူများဖြစ်သည့် မမာမာဦး၊ မအေးမြတ်မွန်(ခ)အငယ်လေး၊ မစိုးစိုး၊ သားငယ်၊ မစုစုခိုင်ထွေး၊ မရှမ်းမနှင့် ၎င်း၏ခင်ပွန်းတို့အား အရေးယူပေးပါရန် ၄.၈.၂၀၁၃ ရက်နေ့တွင် လှော်ကား နယ်မြေ ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် (ပ)၂၃၅/၂၀၁၃၊ လူကုန်ကူးမှုဥပဒေ
ပုဒ်မ ၂၄ ဖြင့်အမှုဖွင့်ပြီး စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်