Sunday, September 08, 2013

ကပွဲက ကောင်မလေးတွေ အရမ်းဟော့လို့ ခရော့ခ်ျကို ပွဲတက်ခွင့် မပေးချင်တဲ့ ကလန်စီ

Posted by drmyochit Sunday, September 08, 2013, under | No comments


ဘီဘီစီက ကျင်းပတဲ့ ကပွဲမှာ သူ့ယောကျာ်းကို သွားခွင့်မပြုနိုင်သေးဘူးလို့ အဘေးကလန်စီက ပြောထားပါတယ်။အဘေးကလန်စီဆိုတာကတော့ စတုတ်စီးတီး တိုက်စစ်မှူး ပီတာခရော့ခ်ျရဲ့ မဟေသီဖြစ်ပြီး သူကိုယ်တိုင်က နာမည်ကျော် မော်ဒယ်တစ်ဦးမို့လို့ ဒီကပွဲ စီးရီးတွေမှာ ပါဝင်မယ်လို့ တရားဝင်ပြောထားပေမယ့် ယောကျာ်းဖြစ်သူကို သ၀န်တိုတာကြောင့် ဒီပွဲတက်ခွင့်ပေးဖို့ငြိုငြင်နေတာပဲ ဖြစ်ပါတယ်။

နာမည်ကျော်အနုပညာရှင်တွေ တက်ရောက်လေ့ရှိတဲ့ ဒီကပွဲဟာ စီးရီးအလိုက်ရှိနေတာဖြစ်ပြီး အင်္ဂလန်မှာ ခြိမ့်ခြိမ့်သဲ ကပွဲကြီးဖြစ်တာကြောင့် ဒီပွဲလာတက်ကြသူတွေရဲ့ ဖက်ရှင်တွေက အမိုက်စားပါပဲ။ ဒါ့ကြောင့်လည်း ကလန်စီတစ်ယောက် ခရော့ခ်ျကို ပွဲတက်ခွင့်မပေးချင်ရတာပါပဲ။ “ပီတာကို ဒီပွဲတက်ခွင့်ပေး၊ မပေးဆိုတာ မသေချာသေးပါဘူး။ ဒါပေမဲ့ ဒီပွဲကိုလာတဲ့ ကောင်မလေးတွေက အရမ်းဟော့လွန်းပါတယ်”ဆိုတဲ့ စကားမျိုးပြောခဲ့တာကြောင့် သူ့ယောကျာ်းကို သ၀န်တိုနေပြီး ပွဲတက်ခွင့် မပေးချင်နေတာတော့ သေချာပါတယ်။ဇော်ထွန်း(ရိုးရာလေး)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်