Sunday, September 08, 2013

ကျီးပင်ချောင်းတူးဖော်ရန် ချောင်းဘေးရှိ အိမ်ခြေ ၁၀၀ ကျော် အစားပြန်မရဘဲ ဖျက်သိမ်းပေးရမည်

Posted by drmyochit Sunday, September 08, 2013, under | No comments

ကျီးပင်းချောင်းနံဘေး ဘယ်ညာတွင် တည်ဆောက်ထားသော အိမ်များကို တွေ့ရစဉ်
မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ကျီးပင်ချောင်းအား ပြန်လည်တူးဖော်ရန်အတွက် ယင်းချောင်း နံဘေး တစ်လျှောက် အိမ်ခြေ ၁၀၀ ကျော်ကို အစားပြန်မရဘဲ ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျက်သိမ်းရမည့် အိမ်ခြေ ၁၀၀ ကျော်မှာ နှစ် ၆၀ ကျော် ၇၀ ခန့်နေထိုင်ခဲ့ခြင်းဖြစ်ပြီး ဂ ရန်မပေါက်ကြောင်း သိရသည်။ မဟာအောင်မြေမြို့နယ်ရှိ မဟာဝိသုဒ္ဒါရုံကျောင်းတိုက်သည် နှစ်စဉ်ရေကြီးရေ လျှံဒဏ်ကို ခံရသဖြင့် စည်ပင်မှ ကြည့်ရှုစစ်ဆေးရာ ကျီးပင်ချောင်းရေစီးရေလာ ကောင်းစေရန် ပြန်လည်တူးဖော်ရမည် ဖြစ်သဖြင့် ချောင်းရိုးတလျှောက်ရှိ အိမ်များမှာ ကျူးကျော်နေထိုင်ရာမှ တဖြည်းဖြည်းနှင့် အခိုင်အမာ တည်ဆောက်လာသဖြင့် ချောင်းမှာပျောက်ကွယ်လုနီးနီး ဖြစ်နေခြင်းကြောင့် ယင်းရပ်ကွက်များတွင် ရေကြီးရေလျှံ ဒုက္ခကို ခံစားရခြင်းဖြစ်ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ပြောကြားသည်။

"ရွှေတချောင်းမြောင်းကနေ ကျီးပင်ချောင်းထဲ၊ အဲဒီကမှ သင်္ဂဇာချောင်းထဲကို စီးတာပါ။ အရင်ကတည်းက ဒီချောင်းက ရှိပြီးသားကို လူတွေက တစ်စစ ချောင်းဘေးမှာ ကျူးနေရင်းနေရင်း၊ ချောင်းဧရိယာက လူနေအိမ်ရှေ့က မြောင်းသာသာလောက်ပဲ ရှိတော့တာ။ အကြိမ်ကြိမ် တိုင်းတာစစ်ဆေးပြီး ချောင်းရိုးတစ်လျှောက်က နောက်ဆုတ်သင့်တဲ့အိမ်တွေ၊ အားလုံးဖျက်သိမ်းရမယ့် အိမ်တွေကိုရော အသိပေးပြီးပါပြီ" ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က ဆိုသည်။

လတ်တလော ၈၉ လမ်း၊ ၃၆ နှင့် ၃၈ လမ်းကြားတစ်လျှောက် နေအိမ်များ နောက်ဆုတ်ဖျက်သိမ်းရန် အသိပေးထားကာ၊ ညောင်ကုန်း၊ နန်းအောင်မြေ အနောက်ရပ်ကွက် ပါဝင်ကာ ကျီးပင်းချောင်းရိုးအတိုင်းတစ်လျှောက် ကျန်ရှိနေသည့် ရပ်ကွက်များလည်း ပါဝင်ကြောင်း သိရသည်။ "မြရည်နန္ဒမှာ ဘူဒိုဇာနဲ့ ဖြတ်တယ်ဆိုတာ လုံးဝလူမနေဘဲ ရောင်းမှားဝယ်မှား သူတွေတောင် တန်ဖိုးနည်းအိမ်ရာဆောက်ပြီး ဦးစားပေး ရောင်းချတာမျိုးတွေ လုပ်ပေးနေပါတယ်။ ကျွန်မတို့ရပ်ကွက် သက်တမ်းက နှစ် ၅၀ ကျော်ပါပြီ။ အစားမရဘဲ ဖျက်သိမ်းရမယ့်အစား တစ်ခုခုတော့ သက်ဆိုင်ရာအနေနဲ့ စဉ်းစားပေးသင့်ပါတယ်။ ချောင်းတစ်လျှောက် အိမ်ခြေရာကျော်ပါတယ်" ဟု ပဲပုပ်တန်းတွင် နေထိုင်သူများက ပြောကြားခဲ့သည်။  

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်