Sunday, September 08, 2013

“အမျိုးစောင့်ဥပဒေနှင့် ထိမ်းမြားဥပဒေမတူပါ”

Posted by drmyochit Sunday, September 08, 2013, under | No comments


Aung Myo Htet အကောင့်အမည်နှင့် မေးထားတဲ့မေးခွန်းတွေပါ။ သူမေးခွန်းကို ဖတ်ကြည့်ပြီးမှ အဖြေကိုဖတ်ကြည့်ပါ။

အရှင်ဝီရသူ အစစ်ဟုယူဆ၍ မေးလျှောက်ခွင့်ပြုပါ။ မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေလိုမျိုး အမျိုးသမီးတွေ အခွင့်အရေးကို ကာကွယ်ပေးနိုင်မဲ့ ဥပဒေမျိုးနဲ့ပတ်သက်ပြီး ဥပဒေပညာရှင် ဦးကျော်ဇေယျက မရှိဘူး လိုအပ်တယ်။

နောက်တစ်ယောက်ကလဲ လိုအပ်တယ်။ အင်းစိန်ရွာမဆရာတော်ကြီးကလဲ မရှိသေးဘူးလို့ ပြောပါတယ်။ ဆရာမောင်သွေးချွန်ကလဲ ဓလေ့ထုံးတမ်းဆိုပေမဲ့ တကယ်တမ်း ဥပဒေအရာမဝင်ဘူးလို့ ပြောပါတယ်။
တစ်ဖက်မှာလဲ ဦးကိုနီက အလားတူဗုဒ္ဓဘာသာအမျိုးသမီးကို ကာကွယ်ပေးမဲ့ ဥပဒေမျိုးရှိပြီးသားလို့ ပြောပါတယ်။

အခြားတစ်ယောက်ကလဲ ဒီလိုပဲပြောပါတယ်။ ဂျာနယ်တွေမှာ အရှင်ဘုရားတွေ့ပြီးဖြစ်မှာပါ။ ဗုဒ္ဓဘာသာ မိန်းမက ဘာသာခြားယူလဲ ဘာသာခြားက သူ့ဘာသာ ထုံးစံကို ကျင့်သုံးခွင့်မရှိဘူး။ ဗုဒ္ဓဘာသာနိုင်ငံမို့ ဗုဒ္ဓဘာသာမိန်းမက ဘာသာတူချင်းယူလို့ရတဲ့ အခွင့်အရေးတိုင်းပဲ ခံစားခွင့်ရှိတယ်တဲ့ ဥပဒေရှိပြီးသားပါတဲ့။ ဒါကြောင့် ဘယ်ဟာအမှန်လဲဆိုတာ စာတွေ့ရော လက်တွေ့ပါမရှောင် မလွှဲပြတ်ပြတ်သားသား သိချင်ပါတယ် ဘုရား။

တစ်နည်းနည်းနဲ့ အရှင်ဘုရား Page ကနေဖြစ်ဖြစ် ပြန်လည်ဖြေကြားပေးစေချင်ပါတယ်ဘုရား။ တပည့်တော် အလွန် သိချင်နေပါတယ်။ အောင်မျိုးထက် ဗမာ/ဗုဒ္ဓ ဆရာဝန် နော်ပြည်တော် ကျန်းမာရေးဝန်ကြီးဌာန။

ဖုန်း=09-2301938
အမျိုးစောင့်ဥပဒေ အမှန်တကယ် လိုအပ်တာပါ။ သာမန်လိုအပ်တာတောင် မဟုတ်ဘူး။ မရှိမဖြစ် လိုအပ်နေတာပါ။ ဒီဥပဒေပေါ်ပေါက်ဖို့ တစ်စိုက်မတ်မတ် ကြိုးစားလာခဲ့တာ ၂၀၀၁ ခုနှစ်ကတည်းကပါ။ ဦးဝီရသူရဲ့ အိပ်မက်လို့ ဆိုနိုင်ပါတယ်။

ဥပမာပြောမယ်။

ဥယျာဉ်လေးခုရှိတယ်။ အသေးလေးကတစ်ခု၊ အလတ်စားကနှစ်ခု၊ အကြီးကြီးကတစ်ခုပါ။
အသေးနှင့် အလတ်နှစ်ခုက ဝန်းနံရံရှိတယ်။ ခြံလုံတယ်။ အန္တရာယ်ကင်းတယ်။ ဥယျာဉ်အကြီးကြီးက ခြံခတ်မထားဘူး။ ဒါကြောင့် သဘာဝပန်းအလှတွေလည်း နေ့စဉ်နှင့်အမျှ အဖျက်ဆီးခံနေရတယ်။ အပြစ်မဲ့ သမင်းလေးတွေလည်း မျိုးသုဉ်းတော့မည့်အခြေအနေရောက်နေတယ်။
နှစ်ပေါင်းရာချီ ခြံမခတ်ဘဲ ရိုးရာမပျက် ဆက်ထားမှာလား....? စားပေါက်ပိတ်မှာ မလိုလားသူတွေရဲ့ မလိုလားမှုတွေကို ထည့်မတွက်ဘဲ ခြံခတ်မှာလား.....?

ဆက်ထားမြဲထားရင်တော့ ကိုယ့်ခြံဟာ သူများခြံဖြစ်သွားမှာနော်။ သဘာဝသယံဇာတတွေ အဖျက်ခံရမှာနော်။ အဖိုးတန်ရတနာလေးတွေ မျိုးသုဉ်းပျောက်ကွယ်သွားမှာနော်။
ဒါက ဥပမာကို ပြောပြတာပါ။

1954 ဥပဒေက ဘာသာခြားနှင့်ရတဲ့ အိမ်ရှင်မတွေရဲ့ အမွေဆက်ခံမှု အခွင့်အရေးကိုသာ အကာအကွယ်ပေးထားတာပါ။ လင်သေတဲ့အခါ မယား (ဗမာ/ဗုဒ္ဓ) အမွေခံစားခွင့်မရတာမျိုး မဖြစ်လေအောင် အကာအကွယ်ပေးထားတဲ့ ဥပဒေသာ ဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေကျတော့ ဗုဒ္ဓဘာသာယောင်ဆောင်ပြီး အယုံသွင်းခံရတာမျိုး၊ သက်ငယ်မိန်းကလေး တွေ မာယာကျော့ကွင်း အဆင်ခံရတာမျိုး၊ လူမသိ၊ သူမသိ ဘာသာကူးပြောင်း လိုက်ရတာမျိုး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရတာမျိုး စတာတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေပါ။
ဗုဒ္ဓဘာသာအမျိုးသမီးများကို အကာအကွယ်ပေးမယ့် အလားတူ ဥပဒေမျိုးရှိပြီးသားလို့ ပြောတဲ့ ဦးကိုနီက အစ္စလာမ်ဘာသာဝင် မူဆလင် ရှေ့နေကြီးတစ်ယောက်ပါ။ NLD ရဲ့ ဥပဒေ အမှုဆောင် အကြံပေး အရာရှိကြီးပေါ့။

ဒီလိုလူတွေရဲ့ အကြံပြုချက်တွေကြောင့်ပဲ ချစ်သူကနေ ချဉ်သူဖြစ်မှာ စိုးရိမ်နေတာပါ။

ဦးပဉ္ဇင်းဝီရသူ (မစိုးရိမ်)
Wira Thu

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်