Sunday, September 08, 2013

သစ်သီးနှင့် သစ်သီးဖျော်ရည်က ဆီးချိုအတွက် ဆန့်ကျင်ဘက် အကျိုးသက်ရောက်

Posted by drmyochit Sunday, September 08, 2013, under | No comments


ဗြိတိန်၊ အမေရိကန်နှင့် စင်္ကာပူတို့မှ သုတေသီများ ပူးပေါင်းပြုလုပ်သော လေ့လာမှုတွင် သစ်သီးဖျော်ရည်များက ဆီးချို ဖြစ်နိုင်ခြေကို မြင့်တက်လာစေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။


လတ်ဆတ်သော အသီးအနှံများနှင့် ၎င်းတို့ကို အရည်ဖျော်ထားသည့် ဖျော်ရည်များသည် ဆီးချိုရောဂါနှင့် ပတ်သက်ပြီး ဆန့်ကျင်ဘက် သက်ရောက်တတ်သည့် အာနိသင် ရှိနေကြောင်း သိရသည်။ သုတေသနပြု ရလဒ်များက လတ်ဆတ်သော သစ်သီးဝလံများ၊ အထူးသဖြင့် ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီး အစရှိသည်တို့ကို စားသုံးခြင်းသည် Type 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ သို့သော်လည်း သစ်သီးဖျော်ရည် များများသောက်သည့်အခါ အဆိုပါ ကောင်းကျိုး သက်ရောက်မှုနှင့် ဆန့်ကျင်ဘက် ရလဒ်မျိုး ထွက်ပေါ်လာကြောင်း ပညာရှင်များက သတိပေးခဲ့သည်။ ဗြိတိန်၊ အမေရိကန်နှင့် စင်္ကာပူတို့မှ သုတေသီများ ပူးပေါင်းပြုလုပ်သော လေ့လာမှုတွင် သစ်သီးဖျော်ရည်များက ဆီးချို ဖြစ်နိုင်ခြေကို မြင့်တက်လာစေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

ယခုစစ်တမ်းအတွက် သူနာပြုများနှင့် အခြားသော ပရော်ဖက်ရှင်နယ် အလွတ်တမ်း သူနာပြု (၁၈၇၀၀၀)ကျော်ထံမှ ဆေးမှတ်တမ်းများကို တောင်းယူကာ လေ့လာခဲ့ခြင်း ဖြစ်သည်။ ယင်းဆေးမှတ်တမ်းတွင် ပါဝင်သူများ၏ တစ်နှစ်တာ နေထိုင် စားသောက်မှု ပုံစံများ၊ ကိုယ်လက်လှုပ်ရှားမှု အခြေအနေ၊ ဆေးလိပ်သောက်ခြင်းနှင့် အခြားသော လူနေမှု ဘဝပုံစံများကို လေ့လာခဲ့ရာ (၆.၅)ရာခိုင်နှုန်းသည် Type 2ဆီးချို ဖြစ်နိုင်ခြေ မြင့်တက်လာသည်ကို တွေ့ရှိခဲ့ရသည်။ ပျမ်းမျှအားဖြင့် ၎င်းတို့သည် သစ်သီးဖျော်ရည်များ သောက်သုံးမှုတွင် သာမန်ထက် (၂၃) ရာခိုင်နှုန်းမျှ ပိုများနေကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။ သို့သော်လည်း လတ်လတ်ဆတ်ဆတ် သစ်သီးများ စားသုံးခြင်းကမူ ဆီးချို ဖြစ်နိုင်ခြေကို လျော့နည်းသွားစေကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့သည်။

"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်က သစ်သီးတွေဟာ ဆီးချို ခြိမ်းခြောက်မှုကို လျော့နည်းသွားစေကြောင်း ခိုင်ခိုင်မာမာ ပြသနိုင်လာခဲ့ပါတယ်"ဟု ဟားဗက်ဆေးကျောင်း၏ ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက် ပရော်ဖက်ဆာ ကွီဆန်က ပြောကြားခဲ့သည်။ သို့သော်လည်း တစ်ပတ်လျှင် ပျမ်းမျှ သစ်သီးဖျော်ရည် သုံးခွက်မျှ သောက်ဆုံးခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ (၂၀)ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းသည်လည်း သတိထားသင့်သည့် တွေ့ရှိမှု တစ်ခုအဖြစ် ကွီက မှတ်ချက်ပြုခဲ့သည်။ "အစာအိမ်ကို ဖြတ်သန်းတဲ့အခါ အရည်က အစိုင်အခဲထက် ပိုမြန်ဆန်တယ်။ အာဟာရ ပြုမှုမှာလည်း ဒီသဘောတရားက တူတူပဲ"ဟု ကွီက ဆိုသည်။ ၎င်းက "ပြောရရင်တော့ သစ်သီးဖျော်ရည်တွေက သွေးကြောလေးတွေဆီကို သကြားဓာတ် စိမ့်ဝင်ဖို့ကျတော့ ပိုမြန်ပြီး ပမာဏလည်း များတယ်။ သစ်သီးတစ်လုံးစာထက် ပိုများတဲ့ အင်ဆူလင်နဲ့ ဂလူးကို့စ်ကို သစ်သီးဖျော်ရည်တွေကနေ ရရှိသွားစေတတ်တယ်လေ"ဟုလည်း ရှင်းပြသွားသည်။

Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်