Tuesday, November 26, 2013

မြန်မာဗိုဗီနမ်အသင်း ဗီယက်နမ်ကို စိန်ခေါ်နိုင်ပြီဟုဆို

Posted by drmyochit Tuesday, November 26, 2013, under | 1 comment


ဆီးဂိမ်း ဗိုဗီနမ် ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဗိုဗီနမ် အားကစား၏ ပိုင်ရှင်လည်းဖြစ်၊ လက်ရှိချန်ပီယံ လည်း ဖြစ်သည့် ဗီယက်နမ်အသင်းကို စိန်ခေါ်နိုင်ကြောင်း ဗိုဗီနမ်သရုပ်ပြအဖွဲ့၏နည်းပြ ဦးကျော်မင်းထွန်း က ပြောသည်။ မြန်မာ ဗိုဗီနမ်အဖွဲ့သည် လေ့ကျင့်ချိန် တစ်နှစ်သာ ရှိသေးသော်လည်း ဗီယက်နမ်ကို စိန် ခေါ်နိုင်သည့် အရည်အချင်းများ ရှိနေပြီဟု ၎င်းက ယုံကြည်နေခြင်း ဖြစ်သည်။

“သရုပ်ပြ ပြိုင်ပွဲက ကျွန်တော်တို့ အားသာတဲ့ ကစားနည်း ဖြစ်တာကြောင့် ရွှေမှန်းပါတယ်။ အတိုက်က တော့ သိပ်မမှန်းဘူး။ ကြိုးတော့ ကြိုးစားမှာပါ။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အဖွဲ့ အနေနဲ့ ရွှေတံဆိပ် ခြောက်ခု လောက် မှန်းထားပါတယ်။ ကျွန်တော်တို့ ကစားသမားတွေရဲ့ စွမ်းဆောင် ရည်က ဗီယက်နမ် အသင်းကို စိန်ခေါ်နိုင်တယ်ဗျ” ဟု ဦးကျော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးကျော်မင်းထွန်း၏ ပြောစကားကို မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးလှဦးက ထောက်ခံခဲ့ပြီး မြန်မာ ဗိုဗီနမ် အသင်းအနေဖြင့်ပြိုင်ပွဲ(၂)ရပ်လုံးတွင် ရွှေဆုရယူနိုင်ရန် ရည်မှန်းထားသော်လည်း အတိုက်ပြိုင်ပွဲထက် သရုပ်ပြပြိုင်ပွဲတွင် ရွှေတံဆိပ်ရရန် ပိုမိုအားသာနေကြောင်း ဆိုခဲ့သည်” အားလုံးတော့ လိုချင် တယ်။

“ဗန်ဒိုကစားနည်းနဲ့တူတာဆိုတော့ ဒီလောက်မခက်ခဲပါဘူး။ အားသာချက်က အတန်းတစ်တန်းကို တစ် ယောက် ကစားမှာဖြစ်လို့ ပိုအာရုံစိုက်နိုင်တယ်။ အပြ ကစားနည်းကိုတော့ ပိုအားသာတယ်” ဟု မြန်မာ ဗိုဗီနမ်အသင်း၏ တာဝန်ခံလည်း ဖြစ်သူ ဦးလှဦးက ပြောသည်။

ဗိုဗီနမ်သည် ဗီယက်နမ်ရိုးရာ ကိုယ်ခံပညာ တစ်ရပ်ဖြစ်ပြီး မြန်မာ့ရိုးရာ ကိုယ်ခံပညာဖြစ်သော ဗန်တိုပညာနှင့် ဆင်တူသည်။ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံသည့် ဆီးဂိမ်းပြိုင်ပွဲတွင် ရိုး ရာ ကိုယ်ခံပညာ ဖြစ်သည့် ဗန်တိုပညာရပ်ကို ထည့်သွင်းကျင်းပလိုခဲ့သော်လည်း အကြောင်းကြောင်း ကြောင့် ဗိုဗီနမ်ကိုသာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အသင်းကို ဖွဲ့စည်းရာတွင် ဗန်တိုကစားသမားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဗီယက်နမ်ရိုးရာ အားကစားနည်းဖြစ်သော ဗိုဗီနမ်ကစားနည်းသည် အတိုက်ပြိုင်ပွဲနှင့် သရုပ်ပြပြိုင်ပွဲဟူ၍ နှစ်မျိုးခွဲခြားထားပြီး မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်း၌ ရွှေတံဆိပ် ၁၈ ခုချီးမြှင့်မည် ဖြစ်သည်။ 

်မန်မာအသင်း၏ အောင်မြင်မှုအနေဖြင့် ၂၀၁၃ ခုနှစ် မေလအကုန်တွင် ကမ္ဘောဒီယား အရှေ့တောင်အာရှ ဗိုဗီနမ်တံခွန်စိုက်ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်ကစားခဲ့ရာ ရွှေ ၂ ခု၊ ငွေ ၆ခု၊ ကြေး ၁၀ခု ရရှိခဲ့ပြီး ဆီး ဂိမ်းအကြို ဖိတ်ခေါ်ပြိုင်ပွဲ၌ ရွှေ ၆ခု၊ ငွေ ၅ခု၊ ကြေး ၆ခု ရရှိခဲ့သည်။၂၀၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်း၌ စတင်ပါဝင်ခဲ့သော ဗိုဗီနမ်အားကစားနည်းတွင် ၀ိတ်တန်း ၁၄ တန်းသာ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ၀ိတ်တန်း လေးခု တိုးမြှင့်ကာ စုစုပေါင်း ၀ိတ်တန်း (၁၈) တန်းအထိ ပါဝင်မည် ဖြစ်သည်။

အင်ဒို ဆီးဂိမ်းတွင် ဗိုဗီနမ် ပြိုင်ပွဲကို မြန်မာတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းမရှိရာ ယခုတစ်ကြိမ်မှာ မြန်မာ ဗိုဗီနမ်အသင်းအတွက် ပထမဆုံး ဆီးဂိမ်းပြိုင်ပွဲလည်း ဖြစ်သည်။

်မန်မာ ဗိုဗီနမ်အသင်းအနေဖြင့် သရုပ်ပြပြိုင်ပွဲနှင့် အတိုက်ပြိုင်ပွဲ နှစ်မျိုး တွင် ကစားသမား ၃၄ ဦး ၀င် ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၀ိတ်တန်းအလိုက် အမျိုးသား ၂၂ဦး၊ အမျိုးသမီး ၁၂ ဦး ပါဝင်မည် ဖြစ်သည်။ ဆီးဂိမ်း ဗိုဗီနမ် ပြိုင်ပွဲကို အိမ်ရှင်မြန်မာ အပြင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အင်ဒိုနီးရှားအသင်း တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၀ိတ်တန်းအလိုက် သရုပ်ပြပြိုင်ပွဲ (၁၂) တန်းနှင့် အတိုက်ပြိုင်ပွဲ (၆)တန်း အတွက် ရွှေတံဆိပ် (၁၈)ခုချီးမြှင့်မည် ဖြစ်သည်။ 

ပြိုင်ပွဲအား ဒီဇင်ဘာလ ၁၈ ရက်မှ ၂၁ ရက် အထိ နေပြည်တော် ဇေယျာသီရိ မိုးလုံလေလုံ အားကစားရုံ (အေ)၌ ကျင်းပမည် ဖြစ်သည်။

1 comments:

မင်းတို့ အရည် အချင်း နဲ့ ရရင် ထိုင်ကန်တော့ လိုက်မယ်
ရွှေ ၆ ဆု အပြက ဆိုတာ ကို
မလေ့ကျင့်ခင်ကတည်းက ရပြီးသား
မသိတဲ့ လူတွေကို လိမ်ပေါ့
လှဦး လေ့ကျင့် သင်တန်းတက်ထားတဲ့
ဒိုင် တွေ အပင်ပန်း ခံ ထားတဲ့ လူတွေ
ဘေးဖယ်ထားပြီး မင်းမိန်းမနဲ့သားကို
sea game စာရင်းသွင်း တယ် ကြားတယ် မဟုတ်တာတွေ လုပ်နေပြီပေါ့ အဲဒီ နှစ်ယောက် ကဗိုဗီနမ်
ဆိုတာ စာ လုံးတောင်ပေါင်းတတ်လို့လား
မင်းကပြော လည်းနားလည်မှာ မဟုတ်ပါဘူး ဖအေ ခင်းတဲ့ လမ်း
ဖအေ ကို နင်းတက်တာ မင်းတစ်ယောက်ပဲ ရှိသေးတယ်
မွေးကျေးဇူး ကျွေးကျေးဇူး ကန်းတဲ့သူ
ဒီလို ရပ်တည်နိုင်တာ အံ့သြတယ်
အတိုက် ကရတဲ့ ရွှေပဲ လေးစားမယ်

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်