Tuesday, November 26, 2013

၂၀၁၄ ကမ္ဘာ့ဖလားတွင် ဘရာဇီးလက်ရွေးစင်အသင်း ၀တ်ဆင်အသုံးပြုမည့် ၀တ်စုံသစ်ကို Nike ကုမ္ပဏီိ မိတ်ဆက်

Posted by drmyochit Tuesday, November 26, 2013, under | No comments


၂၀၁၄ ကမ္ဘာ့ဖလားအိမ်ရှင်ဘရာဇီးအသင်းအနေဖြင့် ခြောက်ကြိမ်မြောက် ဗိုလ်စွဲရန်ပစ်မှတ်ထားနေ ကြောင်း ၀တ်စုံသစ်မိတ်ဆက်ပွဲတွင် နည်းပြချုပ် စကိုလာရီက ပြောကြားလိုက်သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဘရာဇီးအသင်းဝတ်ဆင်မည့် Nike အမှတ်တံဆိပ်ဝတ်စုံသစ် မိတ်ဆက်ပွဲတွင် ဘရာဇီးကြယ် ပွင့် နေမာဦးဆောင်ပြီး သီယာဂိုဆေးဗား၊ ဂူစတာဗို၊ ဒေးဗစ်လုဇ်အစရှိသည့် ကစားသမားများက ၀တ် ဆင်ပြသခဲ့ကြသည်။ ထို့အတူ နည်းပြစကိုလာရီက ကမ္ဘာ့ဖလား ၅ ကြိမ်ရ ချန်ပီယံအနေဖြင့် ၆ ကြိမ် မြောက် ဗိုလ်စွဲရန် ပြင်ဆင်နေကြောင်း ပြိုင်ဘက်များအား သတိပေးပြောကြားလိုက်ခြင်းလည်း ဖြစ် သည်။

“၀တ်စုံက တော်တော်လေး ကောင်းပါတယ်။ လွဲနေတာလေးတစ်ခုပဲ ရှိတယ်။ အဲဒါကတော့ ကြယ် ခြောက်လုံး မပါသေးတာပဲ။ ကမ္ဘာ့ဖလားပွဲအပြီးမှာ အဲဒီအချက်ပြည့်စုံဖို့ ရည်မှန်းထားတယ်” ဟု စကို လာရီက ဆိုသည်။

Nike ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ အရောင်းရဆုံးနိုင်ငံ လက်ရွေးစင်အသင်း ၀တ်စုံဖြစ်သော ဘရာဇီးဝတ် စုံအတွက် ယခုကဲ့သို့ ဒီဇိုင်းသစ်ပြသမှုမှာ အနာဂတ်ရောင်းအားအတွက် အဓိကသော့ချက်ဖြစ်လာမည် ဟုလည်း ယူဆနေသည်။ ၂၀၁၇ တွင် အမေရိကန်နှင့် တရုတ်ပြီးနောက် ဘရာဇီးနိုင်ငံက တတိယ အကြီးဆုံးဈေးကွက်ဖြစ်လာရန် Nike က မျှော်လင့်နေခြင်း ဖြစ်သည်။ Nike သည် ၎င်းတို့နှင့် အဓိက ပြိုက်ဘက် Adidas နှင့် ယူရို ၅ ဘီလီယံကျော်တန်ဖိုးရှိ အားကစား ၀တ်စုံဈေးကွက်တွင် ပြိုင်ဆိုင်နေရ သည်

Nike ၏ပြိုင်ဘက်Adidas သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာနှင့် နှစ် ၃၀ သက်တမ်းတိုး စာချုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်တွင် ဘောလုံး၊ တာဝန်ရှိသူများ ၀တ်ဆင်မည့်ဝတ်စုံများအတွက်Adidasအမှတ်တံဆိပ် သုံးစွဲခွင့်ရမည်ဖြစ်သည့်အပြင် ဘောလုံးကွင်းများတွင်လည်း ကြော်ငြာခွင့်ရမည် ဖြစ်သည်။

ဂျာမန်အခြေစိုက်Adidas ကုမ္ပဏီ နှင့်Nike ကုမ္ပဏီတို့သည် အားကစားလောကတွင် နှစ်ပေါင်းများစွာ ပြိုင်ဆိုင်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ်ရောင်းအားတွင်မူNike ကုမ္ပဏီက အသာရထားသည်။သို့ဖြစ်ရာNikeအနေဖြင့် အဆိုပါအစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းနေသည်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့်ရအသင်းများ ထွက်ပေါ်ခဲ့ပြီးဖြစ်ရာNike အမှတ်တံဆိပ်ကိုဝတ်ဆင်အသုံးပြုမည့် အသင်းအရေ
အတွက် ၁၀ သင်းဖြင့် အများဆုံးဖြစ်ပြီးဂျာမန်ကုမ္ပဏီများဖြစ်သောAdidas နှင့်အာဖရိက အသင်းများကို အများဆုံးစပွန်ဆာပေးရလေ့ရှိသည့် Puma တို့မှာ ရှစ်သင်းသာရရှိထားသည်။

Nike သည် ဘရာဇီးလက်ရွေးစင်အသင်းနှင့် ၁၉၉၇ ခုနှစ်ကတည်းက နှစ်ရှည်စာချုပ်ထားခြင်းဖြစ်ပြီး ဘရာဇီး၏အားအထားရဆုံးကြယ်ပွင့် နေမာကိုလည်း စပွန်ဆာပေးထားသည်။ ကမ္ဘာ့ အဆင့်သတ်မှတ် ချက် အဆင့် ၄ အတွင်း ၀င်သော စပိန်၊ ဂျာမနီ၊ အာဂျင်တီးနားနှင့် ကိုလံဘီယာတို့မှာAdidasအမှတ် တံဆိပ်ကို အားကစားဝတ်စုံအဖြစ် ၀တ်ဆင်အသုံးပြုနေကြသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂၀၁၄ ခုနှစ်၊ ဇွန်တွင် ဘရာဇီး၌ကျင်းပတော့မည် ဖြစ်သည်။
ဝဘုန်းလူ| အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၃ ခုနှစ်
Mizzima - News in Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်