Sunday, June 22, 2014

ယောင်္ကျားဖြစ်သူ ကမ္ဘာ့ဖလား ဘောလုံးပွဲကြည့်ရန် အိမ်ပြန်လာရာ ဇနီးဖြစ်သူ ဖောက်ပြန်နေမူ ပက်ပင်းမိ

Posted by drmyochit Sunday, June 22, 2014, under | No comments

အသက် ၂၈ နှစ်အရွယ်ရှိသူ တွန်းလှည်းဈေးဆိုင်ဖြင့် အသုတ်မျိုးစုံရောင်းသူက ၃၂နှစ် အရွယ် ဇနီးဖြစ်သူ ၁၉ နှစ်အရွယ် ဈေးဆိုင်အကူဖြစ်သူတို့ ၄င်းတို့ငှားရမ်းနေထိုင်သော အိမ်ရှိ အခန်းတွင် နှစ်ဦးလုံးကိုယ်လုံးတီးအနေအထားဖြင့် ပက်ပင်းမိသဖြင့် ဓါးဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။

ဆွေမျိုးများနှင့် တရားခံ (အင်္ကျီအ၀ါ) တို့ အိမ်အပြင်ဘက်တွင် စကားပြောနေစဉ်

ဖြစ်စဉ်မှာ ဗုဒ္ဓဟူးနေ့ နံနက် ၂ နာရီခန့်ကမလေးရှားနိုင်ငံ Kampung Langgar ရှိ တရားခံ ငှားရမ်းနေ ထိုင်သည့် အိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းအိမ်သို့ လွန်ခဲ့သော တစ်ပတ်ခန့်ကမှ တရားခံနှင့်မိသားစု ပြောင်းရွှေ့လာခြင်းဖြစ်သည်။

တရားခံက ဈေးရောင်းချိန်ကို နံနက် ၃ နာရီ သို့မဟုတ် ၄ နာရီအချိန်အထိ ကမ္ဘာ့ဖလားပွဲ စတင်ချိန်မှ အချိန် တိုးမြှင့်ရောင်းချခဲ့သည်။ သို့သော်လည်း နံနက် ၃ နာရီတွင် စတင်မည့် ဘရာဇီးနှင့်မက်ဆီကို ဘောလုံးပွဲကို ကြည့်ရန် အတွက် အိမ်သို့ စောစောပြန်လာခဲ့ခြင်းဖြစ်သည်။

နှစ်ယောက်စလုံကို ဓါးနှင့်ထိုးပြီးနောက် တရားခံက နီးစပ်ရာ ရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့သည်။ တရားခံ ၏ ဇနီးဖြစ်သူမှာ ဘယ်ဘက်ပေါင်တွင် ပြင်းထန်စွာ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်အကူမှာ ဘယ်ဘက်လက် တစ်ချောင်းလုံး နီးပါး အခုတ်ခံခဲ့ရကြောင်းသိရသည်။ ဓါးနှင့်အခုတ်ခံရသူနှစ်ဦးစလုံးမှာ Sultanah Bahiyah ဆေးရုံတွင် ကုသနေကြောင်းသိရသည်။

photo>> Internet
ShweMyanmarMediaGroup

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်