![]() |
| Photo - STRINGER/REUTERS |
ပါကစ္စတန်နိုင်ငံတွင်အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရသည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောသည်။ ယင်းအမှုမှာ ပြီးခဲ့သည့်လတွင် ပါကစ္စတန်နိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်၍ လူသတ်သည့်အမှုများနှင့် ဆင်တူနေသည်။
အသတ်ခံရသူအမျိုးသမီးငယ်၏ချစ်သူ မူဟာမက်ဆာကွစ်က အဓမ္မပြုကျင့်၍ သတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး တရားခံကို ရဲစခန်းတွင် ဖမ်းချုပ်ထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ဆာကွစ်သည် ချစ်သူမိန်းကလေးအား ၎င်း၏ မိတ်ဆွေနှစ်ဦးနှင့် လိင်ဆက်ဆံရန် အတင်းအကျပ်တိုက်တွန်းခဲ့ရာ မိန်းကလေးက ငြင်းဆန်ခဲ့၍
အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ကာ သစ်ပင်တွင် ချိတ်ဆွဲထားခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ထိုသို့ အဓမ္ပပြုကျင့်ပြီး အသတ်ခံရမှုမှာ ကြာသပတေးနေ့ညက ပန်ဂျက်ဒေသ လေယာခရိုင်၌ ဖြစ်ပွားခဲ့ပြီး သောကြာနေ့ နံနက်တွင် ရဲတပ်ဖွဲ့က သတင်းရရှိခြင်းဖြစ်သည်။
‘‘အမျိုးသမီးက အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ခံရတာပါ။ အဲဒီနောက်မှာသူ့အလောင်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုမျိုး သစ်ပင်မှာ ဆွဲကြိုးချထားခဲ့တာပါ။ ဒါပေမဲ့ သစ်ကိုင်းက နိမ့်နိမ့်ကလေး။ အလောင်းက ထိုင်လျက်အနေအထားနဲ့ မြေကြီးနဲ့လည်း ထိနေတယ်’’ဟု ယင်းဒေသရှိ အကြီးတန်း ရဲအရာရှိ တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။
သေဆုံးသူ အမျိုးသမီးငယ်မှာ မျက်မမြင်မိဘနှစ်ပါးနှင့် မောင်နှမခုနစ်ဦးကို လယ်ယာလုပ်ကိုင်၍ ရှာဖွေကျွေးမွေးနေသော မိသားစု၏ သမီးအကြီးဆုံး ဖြစ်သည်။ ယင်းအမျိုးသမီးနှင့် မူဟာမက်ဆာကွစ်တို့မှာ
ချစ်သူသက်တမ်း ခြောက်လကြာပြီဖြစ်ပြီး လက်ထပ်ရန် ရည်ရွယ်ထားသူများဖြစ်သည်။ ဆာကွစ်သည် အပြစ်ဝန်ခံခဲ့ပြီဖြစ်၍ ၎င်း၏ မိတ်ဆွေနှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းနေဆဲဖြစ်သည်။
—Ref: AFP
7 Day
Time in Rangoon


0 comments:
Post a Comment