Sunday, June 22, 2014

အမျိုးသမီးအလုပ်သမားနှစ်ဦးရှေ့တွင် ဝတ်လစ်စားလစ် ကပြခဲ့သည့် အဝတ်အစားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အလုပ်ထုတ်ပယ်ခံရ

Posted by drmyochit Sunday, June 22, 2014, under | No comments


Vidd.me ဗီဒီယိုမှ ရယူထားသောပုံ

အမျိုးသမီးအလုပ် သမားနှစ်ဦးရှေ့တွင် ကခုန်စဉ် အဝတ်အစား ဝတ်ဆင်ထားခြင်းမရှိခဲ့သည့်အတွက် အမေရိကန် အဝတ်အစားကုမ္ပဏီ တည်ထောင်သူ အမှုဆောင်အရာရှိချုပ် ဒို့ဗ်ချာနေကို ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများက အလုပ်ဖြုတ်လိုက် သည်။

ဗီဒီယိုဖိုင်များ ဝေမျှနိုင်သည့် Vidd.me ဝက်ဘ်ဆိုက်တွင် ဝတ်လစ်စားလစ် ကခုန်နေပုံကို တင်ခဲ့သည့် အသက်(၄၅)နှစ်အရွယ် ကနေဒါနိုင်ငံသား အမှုဆောင် အရာရှိချုပ်အတွက် အခြေအနေ များ ပိုမိုဆိုးရွားစေခြင်းမှာ ယင်း ဗီဒီယိုဖိုင်ကို တစ်စုံတစ်ဦးက တွေ့ရှိသွားပြီး အတင်းအဖျင်း သတင်း များကို အွန်လိုင်းမှ ဖော်ပြသည့် နယူးယောက်မြို့ အခြေစိုက် Gawker ဝက်ဘ်ဆိုက်သို့ ပေးပို့ခဲ့ ပြီး ယင်းဝက်ဘ်ဆိုက်က ၁ မိနစ် ၁၅ စက္ကန့်ကြာ ဗီဒီယိုဖိုင် ပြသ ခဲ့၍ ဖြစ်သည်။

ဒို့ဗ်ချာနေမှာ ယင်းသို့ ဝိုင်း ပတ်ကခုန်နေစဉ် လက်ကိုင်ဖုန်း ဖြင့်လည်း စကားပြောနေသေး သည်။

ယင်းဗီဒီယိုဖိုင်တွင် မွေးနေ့ ဝတ်စုံနှင့် အမျိုးသားမှာ ချာနေ ဖြစ်ကြောင်း အမေရိကန်အပယ် ရယ်ကုမ္ပဏီ၏ မော်ဒယ်ဟောင်း တစ်ဦးကို ကိုးကား၍ အဆိုပါ သတင်းဌာနက ဖော်ပြပြီး ၎င်းနှင့် အတူ ယင်းဗီဒီယိုဖိုင်၌ ပါဝင်သော အမျိုးသမီးနှစ်ဦးမှာ အပယ်ရယ်ကုမ္ပဏီနှင့် ဆက်နွှယ်မှုရှိကြောင်း  အလုပ်သမားဟောင်းတစ်ဦးက အတည်ပြုပြောကြားသည်။

လိင်ပိုင်းဆိုင်ရာ မလျော်မ ကန် ပြုလုပ်သည်ဟု ယခင်က အမျိုးသမီးအလုပ်သမားများစွာ ၏ တိုင်ကြားခြင်းခံထားရသော ချာနေကို ယင်းကဲ့သို့ ဝတ်လစ် စားလစ် ကခုန်ခြင်းအတွက် အလုပ် မှ ထုတ်ပယ်လိုက်သည်ဟု အမေ ရိကန် အပယ်ရယ်ကုမ္ပဏီဘုတ် အဖွဲ့၏ ကြေညာချက်တွင် ဖော် ပြထားသည်။

ယခင် တိုင်ကြားမှုများနှင့် ပတ်သက်၍ ဘုတ်အဖွဲ့က ၎င်း အပေါ် တိုင်ကြားမှုများကို ဖြေ ရှင်းခြင်း (သို့မဟုတ်) ပယ်ချခြင်း ဖြင့် ချာနေဘက်က ရပ်တည်ခဲ့ သည်။

ယင်းကုမ္ပဏီက ဘဏ္ဍာရေး အရာရှိ ဂျွန်လူသရယ်အား ယာယီ အမှုဆောင်အရာရှိချုပ်အဖြစ် ရွေးချယ်ခန့်အပ်ထားသည်။

—Ref: Reuters
7day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်