Sunday, June 22, 2014

အသက် (၁၂) နှစ်အရွယ် ကောင်မလေးရဲ့ သားအိမ်မှာ ဖရဲသီး အရွယ်လောက်ရှိ အသားပို တွယ်ကပ်နေ

Posted by drmyochit Sunday, June 22, 2014, under | No comments


အေသင်အောင်

တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်း Heilongaijang အရပ်ဒေသမှာ နေထိုင်တဲ့ အသက် (၁၂) နှစ် အရွယ် ကောင်မလေးတစ်ဦး ရဲက သားအိမ် မှာ ဖရဲသီး အရွယ်အစားလောက်ရှိ အသားပို တွယ်ကပ်နေတာမို့ ခွဲစိတ် ကုသမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဟန်ဘင်းဘင်း အမည်ရ ကောင်မလေးဟာ ၂၀၀၉ ကတည်းက ဒီရောဂါ ဝေဒနာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဟန်ဘင်းဘင်းကို မိဘတွေက ဆေးကုသမှု ပေးခဲ့ပေမယ့်  ရောဂါဝေဒနာ က သက်သာ ပျောက်ကင်းခြင်းမရှိဘဲ အကြွေးတင်တဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။ ဆေးကုသစရိတ် ကြီးမြင့်တဲ့အပြင် ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ရောဂါဝေဒနာ သက်သာပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆရာဝန်လည်း မရှိခဲ့ပါဘူး။ ဆရာဝန် အများစုက ဟန်ဘင်းဘင်းရဲ့ဝေဒနာကို ကုသဖို့ ငြင်းဆန်ခဲ့တာကြမို့ ကုသမှုပြုလုပ်ရာမှာများစွာ အခက်တွေ့ ခဲ့ရပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေ လိုက်ရှာရင်း နောက်ဆုံးမှာ ခွဲစိတ်ကုသပေးမယ့် ဆေးရုံကို တွေ့ရှိခဲ့ပါတယ်။ ဒီဆေးရုံက တရုတ်နိုင်ငံတောင်ပိုင်း Gyang Zhou ဒေသမှာရှိပြီး၊ ဟန်ဘင်းဘင်းတို့ နေထိုင်ရာ အရပ်နဲ့ မိုင်ပေါင်း (၂၅၀၀) ကျော် ဝေးကွာပါတယ်။ ဟန်ဘင်းဘင်းဟာ ကုသဖို့နေရာ သွားပေမယ့် ဆေးကု သစရိတ်အတွက် ရှာဖွေနေရဆဲဖြစ်ပါတယ်။ ခွဲစိတ်မှုပြီးမြောက်စေဖို့ လိုအပ်တဲ့ ဆေးကုသ စရိတ်ကို ဒေသဆိုင်ရာ လူမှုအဖွဲ့ အစည်းတွေ နဲ့အတူ ရှာဖွေနေတယ်လို့ သိရပါတယ်။

messenger

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်