Sunday, June 22, 2014

ခင်ပွန်းဖြစ်သူကို သတ်ခဲ့သည့် ကလေးရာဇဝတ်သားအား သေဒဏ်ချမှတ်

Posted by drmyochit Sunday, June 22, 2014, under | No comments

Razieh Ebrahimi ဟာ အသက်၁၄ နှစ်မှာ အတင်းဓမ္မ ယောက်ျားပေးစားခံရတဲ့ ကလေးမလေး ဖြစ်ပါတယ်။ အသက် ၁၅ နှစ်မှာ ကလေးအမေ ဖြစ်လာပါတယ်။ အသက် ၁၇ နှစ်မှာတော့ သူ့ယောက်ျားကို သတ်ခဲ့ပါတယ်။ အခု အသက် ၂၁ ရောက်ပြီဖြစ်တဲ့ သူမကို အီရန်နိုင်ငံက သေဒဏ်ချမှတ်ခဲ့ပြီ ဖြစ်ပါတယ်။

ယောကျာ်းအိပ်နေတဲ့အချိန်မှာ မျက်နှာကို သေနတ်နဲ့ပစ်သတ်ခဲ့တာ ဖြစ်ပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) က ဒီသေဒဏ်ကို ခေတ္တဆိုင်းငံထားဖို့ တောင်းဆိုထားပါတယ်။

“ကျွန်မအဖေက အတင်းလုပ်ခဲ့တာကြောင့် ၁၄ နှစ်သမီးမှာ အိမ်နားက လူရဲ့ သားတစ်ယောက်ကို လက်ထပ်ခဲ့ ရတယ်” လို့ Ebrahimi ရဲ့ပြောကြားချက်ကို Mehr သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“ကျွန်မဘယ်သူလဲ၊ ဘဝဆိုတာဘာလဲ  ကျွန်မ လုံးဝမသိတော့ပါဘူး။ ကျွန်မယောကျာ်းက ကျွန်မကို နှိပ်စက်တယ်။ ကျွန်မကို အမျိုးမျိုးစော်ကားတယ်။ ရုပ်ပိုင်းဆိုင်ရာအရတောင် တိုက်ခိုက်တယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

Ebrahimi ဟာ ယောကျာ်းဖြစ်သူရဲ့ သေနတ်နဲ့ ယောက်ျားကို သတ်ခဲ့ပြီး အိမ်ရဲ့ပန်းခြံထဲမှာ မြှပ်နှံခဲ့ပါတယ်။ ရဲများကိုတော့ သူယောကျာ်းပျောက်နေကြောင်းသာ ပြောခဲ့ပြီး သူမ အဖေရဲ့ဖော်ထုတ်မှုကြောင့် အဖမ်းခံခဲ့ရပါတယ်။

“အီရန်တရားသူကြီး တစ်ယောက်ဟာ Ebrahimi လို ပြစ်မှုကျူးလွန်သူကလေး တစ်ဦးကို သေဒဏ်ပေးမယ့် အချိန်တိုင်း သူ သတိရသင့်တာက တရားမျှတစွာ ဆုံးဖြတ်ရမယ့် သူ့ရဲ့ဥပဒေအကြောင်းအရတာဝန်တွေကို ပြောင်ပြောင် တင်းတင်းကြီး ချိုးဖောက်တာပဲ” လို့ Human Rights Watch မှ Joe Stork  က ပြောကြားခဲ့ပါတယ်။

Credit: ဖိုးသူတော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်